အိန္ဒိယနည်းပညာကုမ္ပဏီတစ်ခုကကမ္ဘာ့ဈေးအပေါဆုံးစမတ်ဖုန်းကိုထုတ် လုပ်

အိန္ဒိယနိုင်ငံအခြေစိုက် Ringing Bell နည်းပညာကုမ္ပဏီကပေါင်ငွေအားဖြင့်
သုံးပေါင်၊ ဒေါ်လာအားဖြင့် လေးဒေါ်လာသာပေးဝယ်ရမည့်ကမ္ဘာ့ဈေးအပေါဆုံးစမတ်ဖုန်းကိုအောင်မြင်စွာထုတ်လုပ်လိုက်ပြီးပထမဆုံးဖုန်းဟန်းဆက် နှစ် သိန်းကိုဈေးကွက်တွင်ရောင်းချသွားရန် အသင့်ဖြစ်နေကြောင်းသိရသည်။

စမတ်ဖုန်းတစ်လုံးကို သုံးပေါင်နဲ့ ရမယ်လို့ ကြားလိုက်တာနဲ့ တပြိုင်နက် မဖြစ်နိုင်ဘူး၊တစ်ခုခုတော့လွဲနေပြီလို့  လူတိုင်းမှတ်ယူကြမှာပါ။ ဒါပေမယ့် အဲဒီကမ္ဘာ့ဈေးအပေါဆုံးဖုန်းကိုကိုင်တွယ်ခွင့်ရဖို့ ကလည်းသိပ်တော့ မလွယ်လှ ပါဘူး။ အမည်အားဖြင့် Freedom 251 လို့ ပေးထားပါတယ်။ Android ဖုန်းပါ။ ရူပီးငွေနဲ့ ဆိုရင်လည်း ၂၅၁ ရူပီးပဲကျသင့်ပါတယ်။ လက်ထဲမှာAppleiPhone5ကိုကိုင်ရတဲ့အတိုင်းစီးပိုင်သပ်ရပ်ကျစ်လျစ်ပါတယ် ဟု Ringing Bell မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဈေးနှုန်းသက်သာတယ်ဆိုပေမယ့် စမတ်ဖုန်းတစ်လုံးမှာပါသင့်ပါထိုက်တာတွေအားလုံး ပါဝင်ပါတယ်။ ကင်မရာအရှေ့ နဲ့ အနောက် နှစ်မျိုးပါပါတယ်။ အရွယ်အစားက ၄ လက်မ ပါ။ Ram 1GB ပါဝင်ပါတယ်။ Internal Storage 8GB ဖြစ်ပြီး 32GB အထိထပ်စိုက်နိုင်ပါတယ်။ ပရိုဆက်ဆာကို Quad-core အသုံးပြုထားပြီးမလိုတဲ့အချိန်မှာ Quad-core အပြည့်မသုံးခြင်းဖြင့် ဘက်ထရီအားကိုသက်သာစေနိုင်ပါတယ်။ မော်ဒယ်နှစ်မျိုးထုတ်ထားပါတယ်။အဖြူနဲ့ အမည်းပါ။စမတ်ဖုန်းတစ်လုံးအတိုင်းကောင်းကောင်းသုံးလို့ ရပါတယ်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါစမတ်ဖုန်းဖြင့် ဂဏန်းတွက်စက်ကိုအသုံးပြုခြင်း၊ music player ဖြင့် သီချင်းနားထောင်ခြင်း၊ အင်တာနက်ကို browser ဖြင့် အသုံးပြုခြင်း၊ အီးမေးလ်ပို့ ခြင်းများကိုအဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ဇွန်၃၀ရက်တွင် စတင်ရောင်းချသွားရန် ရည်ရွယ်ထားသော်လည်းဇူလိုင် ၇ တွင် စတင်ရောင်းချရန် နေ့ ရက်ကို ပြင် ဆင်သတ်မှတ်ထားကြောင်းသိရသည်။
ရတနာပုံ သတင်းစာ
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.