မော်ချီးမှာ မြေပြိုနိုင်တာကြောင့် တခြားနေရာမှာ မြေကွက်တွေပေး



ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ Photo: Nay Thwae/RFA
ကယားပြည်နယ် ဖားဆောင်းမြို့ နယ် မော်ချီးမှာ မြေပြိုနိုင်တဲ့အန္တရာယ်တွေကြောင့် ဒေသခံ ၅ဝဝ ကျော် ပြောင်းရွှေ့နေထိုင်ဖို့ ပြည်နယ်အစိုးရက ဒီနေ့ ပေ ၆ဝ ပတ်လည်ရှိတဲ့ မြေကွက် ၁၅ဝ ကျော် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ကယားပြည်နယ် ဖားဆောင်းမြို့ မြို့တော်ခန်းမမှာ အခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပြီး မော်ချီးဒေသ လေးထပ်ကွေ့ ဆိုတဲ့နေရာမှာ မြေကွက်တွေကို ပေးလိုက်တာဖြစ်တယ်လို့ ကယားပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

မော်ချီးဒေသမှာ ပြီးခဲတဲ့၂ဝ၁၅ ခုနှစ် အောက်တိုဘာလက မြေပြိုကျခဲ့ပြီး လူအယောက် သုံးဆယ် လောက် သေဆုံး ခဲ့ပါတယ်။

ဘူမိဗေဒပညာရှင်တွေရဲ့ တိုင်းတာချက်အရ မော်ချီးဒေသ ရတနာအောင်မြေ ၊ ၁၅ ရပ်ကွက်၊ ဇီးပင်ကွေ့  ၊ အောင်ချမ်းသာ၊ ၁၃ ကုန်း စတဲ့ရပ်ကွက်တွေနဲ့ KB1 ခဲသတ္တုတူးဖော်ရေး လုပ်ကွက်သွားတဲ့ လမ်းနေရာတွေကို အန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။

ဒီကနေ့ အခမ်းအနားကို ကယားပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ဦးဆောင်တဲ့ ကယားပြည် နယ်အစိုးရအဖွဲ့ ၊ ဖားဆောင်းမြို့ နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ မော်ချီးဒေသက မြေပြိုမှုအန္တရာယ်ဇုံ မှာကျရောက်နေတဲ့ ဒေသခံ ၁ဝဝ လောက် တက်ရောက်ခဲ့ပါတယ်။

မော်ချီးဒေသ ခဲသတ္တုလုပ်ကွက်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ရဲထွဋ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ က အဓိကလုပ်ကိုင်နေတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပုဂ္ဂလိက ကုမ္ပဏီ တချို့ လည်း လုပ်ကိုင်နေ တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.