တာရှည်ခံပစ္စည်းများအသုံးပြုထားသည့် လက်ဖက်များစားသုံးခြင်း မပြုရန်လိုအပ်

အရောင်ဆိုးထားပြီး တာရှည်ခံပစ္စည်းများအသုံးပြုထားသည့် လက်ဖက်များနှင့်
အဖုံးအအုပ်မရှိဘဲရောင်းချသည့် လက်ဖက်များကို ဝယ်ယူစားသောက်ခြင်းမှ

ရှောင်ရှားရန်လိုအပ်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ အောင်ဆန်းဝင်းက သုံးသပ်ပြောဆိုလိုက်သည်။‘‘အရောင်ဆိုးထားတဲ့လက်ဖက်တွေ၊ ကြာရှည်ခံအောင်လုပ်ထားတဲ့ ဓာတုပစ္စည်းတွေကိုသုံးထားတဲ့ လက်ဖက် တွေကိုစားရင် ပျို့တာ၊ အန်တာတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် အဲလိုလက်ဖက်တွေစားပြီး ပျို့ချင်၊ အန်ချင်သလို၊ မူးမော်သလိုဖြစ်ဖူးပါတယ်။ မသန့်တဲ့၊ ပြုပြင်ထားတဲ့လက်ဖက်တွေက ဘေးထွက်ဆိုးကျိုး  ရှိပါတယ်။’’ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။ ယင်နားထားသည့်လက်ဖက်များ၊ မသန့်ရှင်းသည့်ပန်းကန်များဖြင့်ထည့်ပြီး ရောင်းချသည့် လက်ဖက်ထမင်းများ၊ လက်ဖက်သုတ်များကြောင့်လည်း အစာအဆိပ်သင့်ခြင်းဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘ယင်နားထားတဲ့လက်ဖက်တွေ၊ အချိန်အကြာကြီးနှပ်ထားတဲ့လက်ဖက်တွေက ပိုးပေါက်ဖို့အခွင့်အလမ်းရသွား ရင်၊ စားမိရင်အစာအဆိပ်သင့်တာပါ ဖြစ်နိုင်ပါတယ်။’’ဟု ဒေါက်တာအောင်ဆန်းဝင်းက ဆက်ပြောသည်။ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချသော မသန့်ရှင်းသည့်လက်ဖက်ထမင်းများကို စားသောက်မိသောကြောင့် ကျောင်းသူလေးတစ်ဦးမှာ ပျို့အန်ခြင်းများဖြစ်ပွားပြီး အူရောင်ကာအဖျားဝင်ခြင်းကြောင့် ခွင့်ရက်ရှည်ယူခဲ့ရ ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

‘‘ကလေးက လက်ဖက်ထမင်းကို တစ်ပွဲတစ်ရာတန်သုံးပွဲကို ကျောင်းမုန့်ဈေးတန်းမှာဝယ်စားတာ။ အိမ်ရောက် တော့ ကလေးကအန်တာ။ နောက်ရက်ထိတောင် ဆက်အန်တုန်းပဲ။ အဖျားတွေပါဝင်ပြီး ဗိုက်တွေလည်းအရမ်း အောင့်လို့ ဆေးကုရတယ်။ ခွင့်ငါးရက်လောက်ယူလိုက်ရပါတယ်။”ဟု အဆိုပါ ကျောင်းသားမိဘတစ်ဦးက ပြောသည်။  လက်ဖက်တွင် စိမ်းရောင်ခြည်ကလိုရိုဖင်းပါဝင်သည့်အတွက် ကင်ဆာရောဂါကာကွယ်သည့်ဓာတ်များ၊ အာ ဟာရဖြစ်စေသည့်ဓာတ်များပါဝင်သောကြောင့် လက်ဖက်မှာ ဆေးဖက်ဝင်သည်ဟုဆိုနိုင်သော်လည်း ပျို့ခြင်း၊ အန်ခြင်းနှင့် အစာအဆိပ်သင့်ခြင်းများမဖြစ်စေရန် သန့်ရှင်းလတ်ဆတ်သောလက်ဖက်များကို ရွေးချယ်စား သောက်ရန်လိုအပ်ကြောင်း သိရသည်။

https://www.facebook.com/yadanabonnewspaper
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.