Google နည်းပညာဆိုင်ရာအမှုဆောင်အရာရှိ၏ ဆိုရှယ်မီဒီယာအကောင့် ဖောက်ထွင်းခံရ

Google ၏ နည်းပညာဆိုင်ရာအမှုဆောင်အရာရှိ Sundar Pichai ၏ဆိုရှယ်မီဒီယာအကောင့်ကို ဟက်ကာများက ဖောက်ထွင်းတိုက်ခိုက်ခဲ့ပြီး
အခြားအမှုဆောင်အရာရှိများ၏အကောင့်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည် ဟု ခြိမ်းချောက်ထားကြောင်းနှင့် Our Mine ဟက်ကာအဖွဲ့က Pichai ၏ အကောင့်ကိုဖောက်ထွင်းမှုသည် ၄င်းတို့  ၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။

ဇွန်၂၇ ရက်က Our Mine က Pichai ၏ Quora အကောင့်ကို ထိုးဖောက်ဝင်ရောက်ကာ ထိန်းချုပ်ထား လိုက်ခြင်းဖြစ်ကြောင်း၊ Quora သည် လူအများ အမေး၊အဖြေ ပြုလုပ်ကြသော လူမှုကွန်ရက်စာမျက်နှာတစ်ခု ဖြစ် ကြောင်း သိရသည်။ ခင်ဗျားတို့ ရဲ့ လုံခြုံရေးစနစ် ဘယ်လောက်အားကောင်းသလဲဆိုတာကို စမ်းသပ်ကြည့်တာပါဟု Our Mine ဟက်ကာ များက Pichai ၏ Quora အကောင့်တွင် ရေးသားဖော်ပြထားခြင်းဖြစ်ကြောင်း၊ ယနေ့  ဇွန် ၂၈ ရက်တွင်မူ ယင်းဖော်ပြချက်ကို ပြန်ဖျက်သွားကြောင်း၊ ဟက်ကာများက ပြန်ဖျက်သည်လား၊ Pichai က ၄င်း၏ အကောင့်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သဖြင့် ၄င်းကိုယ်တိုင်ပြန်ဖျက်လိုက်သည်လား ဟူသည့်ကိစ္စမှာ မသေချာ ကြောင်း သိရသည်။

Our Mine သည် ဇွန်၊ လဆန်းပိုင်းကလည်း Facebook အမှုဆောင်အရာရှိ Mark Zuckerberg ၏ Facebook အကောင့်ကို ထိုးဖောက်ဝင်ရောက်ထိန်းချုပ်ခဲ့သေးကြောင်း၊ အခြားသော ထိပ်တန်းနည်းပညာကုမ္ပဏီများ၏ အကြီး ဆုံးအရာရှိများ၏ အကောင့်များကိုလည်း ဖောက်ထွင်းပြခဲ့ကြောင်း၊ Spotify နှင့် Amazon အမှုဆောင်အရာရှိများပင် Our Mine ၏ နှောက်ယှက်မှုကို ခံခဲ့ရဖူးကြောင်း သိရသည်။ Our Mineကအနိုင်ရယူဖို့ လောက်ပဲ ဖောက်ထွင်း တဲ့သဘောကို တွေ့ ရပါတယ်။ အကောင့်တွေထဲက အချက် အလက်တွေ ခိုးယူတာ၊ အကောင့်ကိုဖျက်ဆီးတာ၊ အဲဒီအကောင့်နဲ့  မသမာမှုတွေပြုလုပ်တာ မတွေ့ ရပါဘူး။ ကျွန် တော်တို့  စိုးရိမ်တကြီးစောင့်ကြည့်နေရတာကတော့ ဒါပြီးရင် ဘယ်သူ့ အလှည့်လဲ ဆိုတာပါပဲ ဟု Google မှတာဝန် ရှိသူတစ်ဦးက ပြောပြသည်။
ရတနာပုံ သတင်းစာ

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.