မြ၀တီမြို့ အာဇာနည်နေ့အခမ်းအနား ABSDF ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


ထိုင်းမြန်မာနယ်စပ်မြ၀တီမြို့  အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
ထိုင်းမြန်မာနယ်စပ်မြ၀တီမြို့  အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)

ထိုင်းမြန်မာနယ်စပ်မြ၀တီမြို့  မှာတော့အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့အစည်းပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကတော့ ယူနီဖောင်းနဲ့ အလေးပြုခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ ကျောင်းသားကျောင်းသူတွေနဲ့ ကန့်သတ်တားဆီးမူတွေမရှိပဲ အာဇာနည်နေ့ကို အလေးပြုခွင့်ရပါတယ် ။ မအေးအေးမာသတင်းပေးပို့ ထားပါတယ်။

ဆယ်စုနှစ်ပေါင်း များစွာ မြန်မာပြည်ရဲ့  နေ့ထူးနေ့မြတ်တွေကို အခမ်းအနားလုပ်လေ့လုပ်ထမရှိခဲ့တဲ့ ထိုင်း- မြန်မာနယ်စပ်မြို့  ဖြစ်တဲ့မြ၀တီမြို့  မှာတော့ အာဇာနည်နေ့ အခမ်းအနားကိုကျင်းပခဲ့တာ ဒီနှစ်ဆိုရင် ၃နှစ်ရှိခဲ့ပါပြီ။ ဒါပေမယ့် အရင်နှစ်ကထက် ဒီနှစ် အစိုးရသစ်လက်ထက်မှာ ထူးထူးခြားခြား ကျင်းပခွင့်တွေရခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြ၀တီမြို့  အာဇာနည်ကျောက်တိုင်ရှေ့  မှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တွေအပါအ၀င် လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း ၇၀ ကျော်က ချီတက်အလေးပြုခွင့်ရခဲ့ပါတယ်။

ဒီထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကတော့ ယူနီဖောင်းတွေနဲ့ အလေးပြုခွင့်ပထမဦးဆုံးအဖြစ် ရရှိခဲ့တယ်လို့ ကျောင်းသားတပ်မတော်တပ်စုမှူး တဦးလည်းဖြစ် ဒေါင်းတမန်စခန်း တာဝန်ခံလည်းဖြစ်တဲ့ ရဲဘော်စိန်ရိုးက အခုလိုပြောပြပါတယ်။

“အဖွဲ့အစည်းပေါင်းစုံထဲမှာ ABSDF ကို ယူနီဖောင်းဝတ်ပြီး တက်ဖို့ ကမ်းလှမ်းတာပါ။ ကျနော်တို့ ABSDF ကို ယူနီဖောင်းဝတ်ဖို့ ခွင့်ပြုတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကျတော့ အကုန်လုံးပေါ့ မဟာမိတ်တွေကော အားလုံးကတော့ အရပ်ဝတ်တွေနဲ့ပဲ။ အဖွဲ့ ၁ ဖွဲ့ ကို အယောက် ၂၀ အမ ။ တခါမှလည်း ကျနော်တို့ ဒီလိုဟာကို ABSDF ကို ကမ်းလှမ်းတာလည်းမရှိဘူးလေ။ ဒါပထမ ဦးဆုံးအကြိမ် အာဇာနည်နေ့ကိုတော့ ပထမဦးဆုံးအကြိမ်တက်ရတာ ဥသြဆွဲတာတို့ဘာတို့လုပ်တော့ ကျနော်တို့ရင်ထဲမှာတော့ ဥသြဆွဲတဲ့အချိန်ရင်တွေတုန်တာပေါ့၊ ၀မ်းလည်းဝမ်းနည်းတာပေါ့။”

နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့လို အခမ်းအနားကို ပိတ်ပင်တားဆီးမူတွေကြုံခဲ့ရပြီး စောင့်ကြည့်တာတွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ စာသင်ကျောင်းတွေက ကျောင်းဆရာဆရာမတွေနဲ့ ကျောင်းသာတွေပါ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုနိုင်ဖို့ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တွေရခဲ့တယ်လို့ မြ၀တီမြို့ က အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဝင်တဦး ကလည်း အခုလိုပြောပြပါတယ်။

“အရင်နှစ်တွေကတော့ မလွတ်လပ်ကြဘူးပေါ့ နော် ဒီကိုလွတ်လွတ်လပ်လပ်လာဖို့။ ဒီနှစ်ကျတော့ လွတ်လွတ်လပ်လပ်လာကြတယ်လေ။ မနှစ်တုန်းကဆို ဘယ်လိုပြောမလဲဆို၇င် လမ်းလျှောက်လာတယ်ဆိုရင်တောင် ကျမတို့ ပါတီဝတ်စုံနဲ့ လမ်းလျှောက်လာရင်တောင် သူတို့က စီတန်းခွင့်တို့ဘာတို့နဲ့ ပိတ်ပင်သလိုလိုဖြစ်တယ်လေ မနှစ်ကပေါ့နော်။ မနှစ်တုန်းက ဒီအဖွဲ့တွေ ကျောက်တိုင်ကိုလမ်းလျှောက်ရင်တောင်မှ လူစုလူဝေးနဲ့ လမ်းလျောက်တယ်ဆိုပြီး အဲဒါတွေကိုလည်း အပြစ်မြင်တာတွေရှိတယ်လေ။ ဒီနှစ်ကျတော့လည် ဘယ်လိုပဲသွားသွား၊ ဘယ်လိုပဲလာလာ လွတ်လွတ်လပ်လပ်သွားလို့ရတယ်လေအမ။ ဒီနှစ်က ကျောင်းသူကျောင်းသားတွေလည်းတက်တယ်လေ စာသင်ကျောင်းတွေတက်တယ်။ မနှစ်ကဆိုရင် ကျောင်းသူကျောင်းသားတွေက တက်ခွင့်မရှိဘူးလေ။ ဒီနှစ်ကတော့ ကျောင်းသူကျောင်းသားတွေလည်း တက်ခွင့်ရှိတယ်လေ။ ဆရာဆရာမတွေရော ၊ ကျောင်းသူကျောင်းသားတွေရော။ မနှစ်ကတော့ ဆရာဆရာမတွေ ၊ ကျောင်းသူကျောင်းသားတွေကိုမတွေ့ဘူး မလွတ်လပ်ဘူးပေါ့နော်။ အခုကတော့ လွတ်လွတ်လပ်လပ်ပါပဲ အဖွဲ့တွေလည်းများလာတယ်လေ ဒီနှစ်က။”

အစိုရသစ်လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတ၀ှမ်းမှာ အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းအနားတွေ ကို ကျင်းပခဲ့တာဖြစ်ပြီး မြ၀တီမြို့ မှာတော့ မြန်မာအစိုးရနဲ့ အပစ်ခပ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲအစည်းတွေအပါအ၀င် လူမူရေး၊ နိုင်ငံရေး၊ တိုင်းရင်းသားအဖွဲ့တွေ စုံလင်စွာ တက်ရောက်အလေးပြုခဲ့ကြပါတယ်။

မအေးအေးမာ
VOA Burmese News

COMMENTS

Name

art,1,article,1301,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7336,interview,219,knowledge,8,Live,8,LocalNews,15674,news,2842,opinion,764,photos,203,poem,116,satires,39,song,12,speech,12,sports,139,statement,59,technic,55,translate,34,video,1068,voice,76,
ltr
item
dawnmanhon: မြ၀တီမြို့ အာဇာနည်နေ့အခမ်းအနား ABSDF ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
မြ၀တီမြို့ အာဇာနည်နေ့အခမ်းအနား ABSDF ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
http://gdb.voanews.com/9BB076A3-F9A5-4806-AFE3-B61EAC562644_cx0_cy11_cw0_w987_r1_s_r1.jpg
dawnmanhon
http://www.dawnmanhon.com/2016/07/absdf_20.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/07/absdf_20.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy