သင်္ကန်းကျွန်း အာဇာနည်နေ့ ဟောပြောပွဲ ဖိအားပေးခံရ



ရန်ကုန်တိုင်း အထက (၂) တောင်ဥက္ကလာပမြို့နယ် အထက်တန်းကျောင်းသားတွေအတွက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦး ဟောပြောနေတာကို ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: Htin Lin Oo (facebook)
ရန်ကုန်တိုင်း အထက (၂) သင်္ကန်းကျွန်းက အထက်တန်းကျောင်းသားတွေအတွက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ဒီနေ့ ကျင်းပခဲ့ပြီး၊ စာရေးဆရာ ထင်လင်းဦးနဲ့ လူမှုရေးတက်ကြွ လှုပ်ရှားသူ ကိုနေမျိုးဇင်တို့က ဧည့်သည်အဖြစ် ဟောပြောခဲ့ကြပါတယ်။

သူတို့ကိုဟောပြောခွင့်ပြုတဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ ဖိအားကြောင့် မြို့နယ်ပညာရေးမှူးက ကျောင်းအုပ်ကိုခေါ်ပြီး မေးမြန်းတာရှိတယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။

"ကျနော်တို့လည်း ပြောလို့ပြီးရော ချက်ချင်းခရိုင်ထွေအုပ်ကနေပြီးတော့ ခိုင်းလို့ဆိုပြီးတော့ မြို့နယ်ထွေအုပ်က ချက်ချင်းရောက်ချလာတယ်၊ ဘာကြောင့်မို့လို့ ဒီလူတွေ ခေါ်ခိုင်းတာလဲတို့ ဘာတို့ ကျောင်းအုပ်ကြီးကို လာမေးတယ်၊ ချက်ချင်းပဲ ပညာရေးမှူးရုံးက ကျောင်းအုပ်ကြီးကို အခုပဲခေါ်လို့ ကျောင်းအုပ်ကြီး သွားတွေ့တယ်"

ဟောပြောပွဲမှာ ကျောင်းသား ၅ ရာလောက် တက်ရောက်နားထောင်ကြပြီး၊ ကျောင်းသားတွေကလည်း တက်တက်ကြွကြွ ဟောပြောကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.