(၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံဆုတောင်းပွဲအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ရန်ကုန်-ဇူလိုင် ၁၉

(၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံဆုတောင်းပွဲ အခမ်းအနား ကို ယနေ့ ညနေ ၃ နာရီခွဲတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာပေါင်းစုံမှ အဖွဲ့များသည် ဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့သတိရခြင်းအထိမ်းအမှတ်အဖြစ် (၂)မိနစ် ငြိမ်သက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည် က နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူ၊ အစ္စလာမ် ဓမ္မဗိမာန်ဦးဆောင်ဆော်သြရေးမှူး အယ်လ်ဟာဂ်ျဦးအေးလွင်၊ ဂျူးဘာသာ ခေါင်းဆောင် ဦးဆယ်မီ၊ ဘဟာအီသာသနာရေးအဖွဲ့ချုပ် အဖွဲ့ဝင် ဦးကြည်ဝင်းနှင့် ရန်ကုန် ကက်သလစ် သာသနာ့ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို တို့က မေတ်္တာစကား ပြောကြားခြင်းနှင့် ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာ ပို့သကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် သာသနာပိုင်ချုပ် စတီဗင် သန်းမြင့်ဦး က တိုက်တွန်းအားပေးစကားပြောကြားပြီး တက်ရောက်လာကြသူများက ဓမ္မဂုဏ်တော်ချီးမွမ်း ကြသည်။

ထို့နောက် သိက္ခာတော်ရ ဆရာ ဦးကျော်ညွန့်က ကောင်းချီးမင်္ဂလာမျှဝေသည်။

ဆုတောင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ်သည် တက်ရောက်လာ ကြသည့် အဖွဲ့များအလိုက် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆုတောင်းပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဖိတ်ကြားထားသည့် ဘာသာပေါင်းစုံမှတာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။

Myanmar State Counsellor Office
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.