သမ္မတဦးထင်ကျော် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲတက်ရန် မွန်ဂိုလီးယား သွားမည်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ မကြာခင် မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့ကို သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

မွန်ဂိုလီးယားသမ္မတ H. E. Mr. ELBEGDORJ Tsakhia ရဲ့ ဇွန်လလယ် မြန်မာပြည်ချစ်ကြည်ရေးခရီးစဉ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာရှ-ဥရောပ ထိပ်သီးစည်းဝေးပွဲတက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် အခုတော့ သမ္မတဦးထင်ကျော်ပဲ တက်ရောက်မှာ ဖြစ်ပါတယ်။

မွန်ဂိုးလီးယားသမ္မတဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိသူတဦးဖြစ်ပြီး မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်စုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေ စိုးမိုရေး လုပ်ငန်းတွေ၊ သယံဇာတနှင့် သဘာဝ အရင်းအမြစ် ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ဒီမိုကရေစီ အစဉ်အလာကောင်းနဲ့ တာဝန်သိ တာဝန်ကျေပွန်သော မီဒီယာများ၏ အခန်းကဏ္ဍ စတာတွေ အပါအ၀င် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.