တရုတ်ရဲ့ ကမ်းလှမ်းချက်ကို ဖိလစ်ပိုင် ပယ်ချ



တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ဘက်က ဆောက်လုပ်နေတဲ့ ကျွန်းတု တစ်ခု (Credit: Reuters) 
တောင်တရုတ်ပင်လယ်ပြင် ​ကိစ္စနဲ့ ​ဆက်စပ်ပြီး ​နှစ်နိုင်ငံ ​ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​တရုတ်ဘက်က ​ကမ်းလှမ်းတာကို ​ဖိလစ်ပိုင်က ​ပယ်ချလိုက်ပါတယ်။

ဆွေးနွေးပွဲလုပ်မယ်ဆိုတာကို ​ဖိလစ်ပိုင်က ​ပယ်ချတာထက် ​ဆွေးနွေးပွဲအတွင်း ​ကုလသမဂ္ဂ ​နိုင်ငံတကာ ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်အကြောင်း ​ဆွေးနွေးမှာ ​မဟုတ်ဘူးလို့ ​တရုတ်ဘက်ကနေ ​ကြိုတင်ပြောဆိုထားတာကို ​မကျေနပ်လို့ ​ဖိလစ်ပိုင်က ​ကမ်းလှမ်းချက်ကို ​ပယ်ချလိုက်တာ ​ဖြစ်ပါတယ်။

မွန်ဂိုးလီးယားနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​အာဆီယံနဲ့ ​ဥရောပ ​ခေါင်းဆောင်များ ​ညီလာခံကို ​တက်ရောက်စဉ်အတွင်း ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ဖိလစ်ပိုင် ​အစိုးရ ​ကိုယ်စားလှယ်ကို ​တွေ့ဆုံဆွေးနွေးကြဖို့ ​ပြောဆိုခဲ့တာ ​ဖြစ်ပါတယ်။

တရုတ်အစိုးရက ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်အပေါ် ​အမျက်ဒေါသ ​ထွက်နေသလို ​ဆုံးဖြတ်ချက်တွေကို ​လက်မခံနိုင်ဘူးလို့ ​ပြောဆိုနေပါတယ်။

ဖိလစ်ပိုင်ကလည်း ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်ကို ​ဖိလစ်ပိုင် ​ပြည်သူတွေက ​စိတ်ဝင်စားတဲ့အတွက် ​အဲဒီ ​ကိစ္စကို ​မဆွေးနွေးရဘူးဆိုရင် ​တရုတ်နဲ့ ​မဆွေးနွေးနိုင်ဘူးလို့ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

ဖိလစ်ပိုင်က ​နိုင်ငံတကာ ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်အရ ​တဆင့်ပြီးတဆင့် ​တရုတ်ကို ​သွေးတိုးစမ်းတာမျိုး ​လုပ်ဆောင်တဲ့အနေအထား ​ရှိနေပါတယ်။

ပထမဆုံး ​ပိုင်ဆိုင်မှု ​အငြင်းပွားနေတဲ့ ​နေရာကို ​ဖိလစ်ပိုင် ​ငါးဖမ်းသမားတွေ ​သွားရောက်ခဲ့ပေမယ့် ​တရုတ်ကမ်းခြေစောင့်တပ်တွေရဲ့ ​နှင်ထုတ်မှုကို ​ခံခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.