မြေမြှုပ်မိုင်းကြောင့်ခြေထောက်ပြတ်သွားတဲ့ ဆင်မကြီးခြေတုအသစ်ရ

ဆင်မကြီးတစ်ကောင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ထိုင်း-မြန်မာ နယ်စပ်မှာမြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ပြတ်သွားခဲ့ရပါတယ်။
ဒါပေမယ့် အခုတော့ ဆင်မကြီးဟာ ခြေတုအသစ်ရရှိသွားပါပြီ။

မြေမြှုပ်မိုင်းနင်းမိတဲ့ မတော်တဆဖြစ်ရပ်ဖြစ်ပွားတုန်းက ဆင်မကြီး မိုရှာ ဟာ အသက် ၇ လသာရှိပါသေးတယ်။
ဒဏ်ရာရသွားတဲ့အချိန်မှာ သူ့ကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လမ်ပန်း ဒေသက Friens of the Asian Elephant Foundation ကဖွင့်လှစ်ထားတဲ့ ဆင်ဆေးရုံကိုအလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။

မတော်တဆမှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ခွဲစိတ်ကုဆရာဝန် သတ်ချိုင်းဂျီဗာကတ်က သူ့ကို ခြေတုအသစ် တစ်ချောင်း တပ်ဆင်ပေးခဲ့ပါတယ်။ သူအသက်ကြီးလာတဲ့အခါမှာတော့ သူ့ခြေထောက်တွေဟာ ပိုမိုရှည်လျားပြီး ပိုမိုတောင့်တင်းလာတာကြောင့် သူ့အတွက် ခွဲစိတ်ကုဆရာဝန်က ခြေတုအသစ်တစ်ခု ထပ်လုပ်ပေးပါတယ်။

“သူခြေတုအသစ်မရခင် ကဆိုရင် သူလမ်းလျှောက်တဲ့အခါ ခြေတုကဟန်ချက်ညီအောင်မထိန်းပေးနိုင်တော့သူမှာ ညွှတ်ညွှတ်ကျနေခဲ့တယ်” လို့အသက် ၇၂ နှစ်အရွယ် သတ်ချိုင်းကပြောပြပါတယ်။
သူရဲ့ပထမဆုံးခြေတုကို ရတုန်းက မိုရှာဟာကိုယ်အလေးချိန် ကီလိုဂရမ် ၆၀၀ သာရှိသေးတာဖြစ်ပြီး အခုအခါမှာတော့ ပေါင်ချိန်က ကီလိုဂရမ် ၂,၀၀၀ ကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Friends of the Asian Elephant Foundation ဆေးရုံဟာကမ္ဘာ့ပထမဆုံး ဆင်ဆေးရုံဖြစ်ပြီး လက်ရှိမှာ ဆင် ၁၇ ကောင်ကို လက်ခံကုသပေးနေပါတယ်။
[Ref:metro; 1 July 2016]
မအေးသီမွန်
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.