စစ်တပ် သီးစားချမှု ရပ်တန့်ဖို့ ရခိုင်မှာတင်ပြ

rakhine-lands-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခစားကျေးရွာက စားကျက်မြေဧကကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခစားကျေးရွာအုပ်စုမှာရှိတဲ့ စားကျက်မြေဧက ၂၀၀ ကျော်မှာ ခမရ- ၃၇၄ တပ်ရင်းက သီးစားချလုပ်ပိုင်ခွင့်ပေးထားတာကို ရပ်တန့်ပေးဖို့ မြိုအမျိုးသား ဒီမိုကရေစီပါတီ က ရခိုင်ပြည်နယ်အစိုးရကို မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒေသခံတွေရဲ့ ကျွဲ၊ နွားတွေ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ တင်ပြလာတဲ့ အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အနေနဲ့ သက်ဆိုင်ရာဌာနနဲ့ ညှိနှိုင်းပြီး ရပ်တန့်ပေးစေလိုတယ်လို့ မြိုအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ ဦးဦးမြထွန်းက ပြောပါတယ်။

"ကျောက်တော်မှာရှိတဲ့ ခမရ- ၃၇၄ တပ်ရင်းဗိုလ်ကြီးတို့ သူတို့ထွန်စက်တွေနဲ့ အခစားအုပ်စုမှာရှိတဲ့ စားကျက်မြေကို ထွန်ယက်နေတယ်လို့ ရွာသူ၊ ရွာသားတွေက ကျနော်တို့ပါတီကို အကူအညီလာတောင်းတယ်၊ ဒါကြောင့် ကျနော်တို့က ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာဌာနချုပ်နဲ့ ညှိနှိုင်းပြီးတော့ အသေးစိတ်ကြီးကြပ် ပြီးတော့ တားမြစ်ပေးပါဆိုပြီး မနေ့ကမေတ္တာရပ်ခံထားပါတယ်"

ကျောက်တော်မြို့နယ် အခစားကျေးရွာအုပ်စု အခစား၊ အုတ်ကြွပ်၊ ဝင်းဇား စတဲ့ ကျေးရွာ ၃ ရွာက ပိုင်တဲ့ စားကျက်မြေဧကပေါင်း ၂၀၀ ကျော်ကို ကျောက်တော်မြို့ အခြေစိုက် ခမရ-၃၇၄ တပ်ရင်း၊ မြို့နယ်ထွေအုပ်၊ မီးသတ်ဌာန၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စတာတွေက တပ်မတော်အစိုးရလက်ထက်မှာ အသီးသီးခွဲဝေသိမ်းဆည်း ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစားကျက်မြေဧက ၂၀၀ ကျော်ထဲမှာ ခမရ-၃၇၄ တပ်ရင်းက ဧက ၄၀ လောက်ကို သိမ်းဆည်းထားတာဖြစ်ပြီး တခြားဌာနတွေကတော့ ကျေးရွာပိုင်မြေ အဖြစ် ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်ပေမယ့် တပ်မတော်ကတော့ ဒီနေ့အထိစွန့်လွှတ်တာမရှိသေးသလို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ကျန်တဲ့မြေအားလုံးကိုပါ သီးစားစနစ်နဲ့ တောင်သူတွေကို ထွန်ယက်လုပ်ကိုင်ခွင့်ပြုထားတာလို့ ရွာခံတွေကပြောပါတယ်။

ဒေသခံတွေရဲ့ ကျွဲနွားတွေစားသုံးဖို့ အခက်အခဲဖြစ်ရတဲ့အတွက် စားကျက်မြေမှာ ထွန်ယက်ခြင်းမပြုဖို့ သက်ဆိုင်ရာဌာနအဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် ဆက်လက်ထွန်ယက်နေဆဲဖြစ်တာကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမေတ္တာရပ်ခံတာဖြစ်တယ်လို့လည်း မြိုအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ
ဦးဦးမြထွန်း က ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.