ပြည်ပက ပျဉ်တွေကို မြန်မာ ဝယ်ယူတင်သွင်းမယ်



(Credit: ABC) 
မြန်မာနိုင်ငံက ​သစ်တောတွေကို ​ထိန်းသိမ်းတဲ့အနေနဲ့ ​အစိုးရက ​ပြည်ပက ​သစ်တွေကို ​ဝယ်ယူတင်သွင်းမယ်လို့ ​သိရပါတယ်။

တခြားအာရှ ​နိုင်ငံတွေဟာလည်း ​သူတို့နိုင်ငံအတွင်းက ​သစ်တောတွေကို ​ကာကွယ်တဲ့အနေနဲ့ ​ပြည်ပက ​သစ်ကုန်ကြမ်းတွေကို ​ဝယ်ယူတင်သွင်းကြသလို ​မြန်မာကလည်း ​အလားတူ ​လုပ်ဆောင်မယ်လို့ ​မြန်မာအစိုးရက ​ပြောကြောင်း ​မြန်မာထိုင်းမ်စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ​၂၀၁၄-၂၀၁၅ ​ခုနှစ် ​ဘဏ္ဍာရေးနှစ်ကတည်းက ​သစ်လုံးတင်ပို့ရောင်းချမှုကို ​ပိတ်ပင်ခဲ့တာ ​ဖြစ်သလို ​သစ်ခုတ်ထွင်းမှုကိုလည်း ​ယာယီရပ်ဆိုင်းထားပါတယ်။

ပျဉ်ပြားကြမ်းတွေကို ​ပြည်ပကနေ ​တင်သွင်းတာက ​သစ်တောကို ​ကာကွယ်ရာ ​ရောက်သလို ​ဈေးနှုန်းလည်း ​ပိုသက်သာတယ်လို့ ​အဲဒီလုပ်ငန်းကို ​လုပ်ကိုင်နေတဲ့ ​ဦးဘဘချိုက ​မြန်မာထိုင်းမ်စ်ကို ​ပြောပြသွားပါတယ်။

ပြည်ပကနေ ​ဝယ်ယူတင်သွင်းတဲ့အခါမှာ ​အခွန်တွေကို ​လျှော့ပေးဖို့လည်း ​တောင်းဆိုနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.