အမေရိကန်သံရုံးဝန်းအတွင်းပေါက်ကွဲမှုမှာလေ့ကျင့်ရေးပြုလုပ်ခြင်းဟုဆို.



ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာဝန်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံး စမ်းသပ်ဖောက်ခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၂၄ ရက် ည၇နာရီ၄၅မိနစ်အချိန်၌ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝန်းအတွင်း မျက်ရည်ယိုဗုံး ဖောက်ခွဲမှု လေ့ကျင့်ရေးပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဓါတ်ငွေ့များ ထွက်ခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်မှူးရဲမှူးဇော်ဝင်းကပြောသည်။

"သူတို့ကအထဲမှာလေ့ကျင့်ရေးပြုလုပ်နေကျပါ။ဒီနေ့မှ မျက်ရည်ယိုဗုံး ဖောက်ခွဲမှုလေ့ကျင့်ရေးပြုလုပ်နေစဉ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်"ဟု ရဲမှူးဇော်ဝင်းကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး ဓါတ်ငွေ့ထွက်သည်မှာ မိနစ်၂ဝခန့်ကြာမြင့်ခဲ့ပြီး သံရုံးဝန်းအပြင်သို့ ဓါတ်ငွေ့များ လွင့်ပျံ့လာခြင်းကြောင့် လမ်းသွားပြည်သူအချို့ ဓါတ်ငွေ့ကြောင့် မျက်ရည်ကျမှုများဖြစ်ပွားခဲ့ကြောင်း ပြည်သူတစ်ဦး ကပြောသည်။

ဓာတ်ပုံ-စိုင်းဇော်
7Day News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.