စစ်ကိုင်းပြတ်ရွေ့ရှိ ပျဉ်းမနား-သာစည်အပိုင်း အင်အားကြီး ငလျင်အန္တရာယ် စိုးရိမ်ဖွယ်ရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၃

အင်အားပြင်း မြေငလျင်များ လှုပ်ခတ်နိုင်ခြေရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောတွင် ပျဉ်းမနား-သာစည်ပြတ်ရွေ့ အပိုင်းအခြားမှာ မြေငလျင် လှုပ်ခတ်နိုင်သည့် အန္တရာယ် စိုးရိမ်ဖွယ်ရှိကြောင်း မြေငလျင် ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ပဲခူး၊ တောင်ငူ၊ ဆွာ၊ စစ်ကိုင်းနှင့် ပူတာအိုအစရှိသည့် မြို့ကြီးများအပြင် ယခု အဆစ်အပိုင်းမှာလည်း အင်အားပြင်း မြေငလျင် လှုပ်ခတ်နိုင်ခြေ အများဆုံး ရှိနေသည့်အတွက် သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

အဆိုပါ ပြတ်ရွေ့ မြေလွှာအပိုင်းသည် ငလျင်ကြီးအန္တရာယ် စိုးရိမ်ရသည့်အတွက် အတိတ် ငလျင်လှုပ်ခတ်ထားမှု အခြေအနေကို စင်ကာပူ အခြေစိုက် Earth Observatory of Singapore (EOS) အဖွဲ့နှင့် ပူးပေါင်း၍ သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း မြေငလျင်ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောကြားသည်။

“ဒီစီမံကိန်းမှာ GPS စက်တွေ တပ်ဆင်မယ်။ နောက်ပြတ်ရွေ့ကြော တစ်လျှောက် လေယာဉ်နဲ့ ကောင်းကင် ဓာတ်ပုံ ရိုက်ယူမယ်။ ဒီက ရလာတဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေကနေ ကာဗွန်မြေထုချပ်တွေကို ပြန်ကြည့်ပြီးမှ အတိတ်ငလျင်တွေ လှုပ်ခတ်တာကို သိနိုင်မယ်”ဟု ၎င်းက ဆိုသည်။

၁၈၃၉ ခုနှစ်က အင်းဝ ငလျင်ကြီး လှုပ်ခတ်ထားခဲ့ပြီးနောက် ယခုအခါ အချိန်ကာလ ကြာမြင့်နေသည့်အတွက် စစ်ကိုင်းမြို့ တောင်ဘက်မှ နေပြည်တော်၊ ပျဉ်းမနားမြို့ အကျော်အထိ အဆစ်အပိုင်းရှိ အတိတ်ငလျင် လှုပ်ခတ်ထားမှု အခြေအနေကို ယင်းစီမံကိန်းအတွင်း သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။

အဆိုပါ သုတေသနပြု လေ့လာရေးစီမံကိန်းကို မြန်မာနိုင်ငံ မြေငလျင် ကော်မတီ၊ Earth Observatory of Singapore (EOS)အဖွဲ့နှင့် မိုးလေဝသနှင့် ဇလေဗေဒ ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

The Voice
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.