သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရသူ ဦးနေမျိုးဝေ တရားသေလွှတ်


ဓာတ်ပုံ - ဦးနေမျိုးဝေ ဖေ့စ်ဘုတ်မှ
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူခံထားရသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေအား ဇူလိုင် ၁၅ ရက်တွင် ကန်ကြီးထောင့်မြို့နယ် တရားရုံးက အပြစ်မရှိဟုဆိုတာ လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား အသရေပျက်စေသော ဓာတ်ပုံများ နှင့် ပြည်ထောင်စုပြိုကွဲရန် လှုံ့ဆော်ရေးသားသည်ဟုဆိုကာ ဦးနေမျိုးဝေအား အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် မှ ဆရာဦးဝေယံအောင်က ကန်ကြီးထောင့် မြို့၊ မြို့မရဲစခန်းတွင် မေလ ၂ ရက်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ဦးနေမျိုးဝေကို လွှတ်ပေးလိုက်တာ မှန်ပါတယ်” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးတင်မောင်အေးက ပြောသည်။

ကန်ကြီးထောင့်ရဲတပ်ဖွဲ့က ဦးနေမျိုးဝေကို မေလ ၄ ရက်တွင် ဖမ်းဆီးပြီး ရုံးထုတ်စစ်ဆေးနေရာမှ ဇူလိုင် ၁၅ ရက်တွင် တရားသူကြီးက အပြစ်မရှိဟု ဆိုကာ စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

The Ladies News
https://www.facebook.com/News.TheLadies
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.