ဘာသာရေးပြသ၁နာများက တိုင်းပြည်၏ တိုးတက်ဖွံဖြိုးမှုကို နှောင့်နှေးစေကြောင်း မဟနအား လျောက်ထား

အမုန်းစကားဖြစ်စေမှုများ ပြုလုပ်သူ ရဟန်းများကို အရေးယူမှုပြုလုပ်ပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)ထံ တောင်းဆို လျှောက်ထားကြောင်း သိရသည်။

ဗုဒ္ဓဘာသာ အများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် အမျိုးသားရေးဝါဒီ ဘုန်းကြီးများက မွတ်ဆလင်ဆန့်ကျင်ရေး တိုက်ခိုက်ပြောကြားမှုများ ပြုလုပ်လျက်ရှိကြောင်း ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် မဟနအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက အထက်ပါအတိုင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“လူထုကြား ပဋိပက္ခဖြစ်စေနိုင်တဲ့ ကွဲပြားစေနိုင်တဲ့ အမုန်းစကားပြောသူ ရဟန်းနဲ့ လူပုဂ္ဂိုလ်များကို တားဆီးပေးဖို့ အရေးယူပေးဖို့ မဟနဦးဆောင် ဆရာတော်တွေကို ကျွန်တော် လျှောက်ထားခဲ့ပါတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့နဲ့ တည်ငြိမ်မှုရှိဖို့အတွက် ဒါက အလွန်အရေးပါပါတယ်” ဟု ၀န်ကြီးက လျောက်တင်ခဲ့ကြောင်း သိရသည်။

KHTun
The Ladies News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.