ထိုင်းစစ်တပ်၏ ဦးဆောင်ဖမ်းဆီးနေမှုကြောင့် မဲဆောက်မြို့ အပါအ၀င် တာ့ခရိုင်အတွင်း မြန်မာရွှေ့ပြောင်း လုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရပြီဖြစ်ကြောင်း သိရ

ထိုင်းစစ်တပ်၏ ဦးဆောင်ပြီး အဖွဲ့ ပေါင်းစုံ ပါဝင် ဖမ်းဆီးနေမှုကြောင့် မဲဆောက်မြို့ အပါအ၀င် တာ့ခရိုင်အတွင်း ယနေ့ (ဇူလိုင် ၃၀ ရက်) ထိ မြန်မာရွှေ့ပြောင်းလုပ်သား (၅၀၀) ကျော် ဖမ်းဆီးခံထားရပြီး ဖြစ်ကြောင်း မဲဆောက်မြို့ မှ အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံသား ရွှေ့ ပြောင်း လုပ်သားများအား ဖမ်းဆီးလာခြင်းမှာ အချက်နှစ်ချက်ကို တွေ့ရပြီး ပထမ အချက်မှာ ထိုင်းနိုင်ငံ တစ်ဝန်းလုံးတွင် ထိုင်းစစ်တပ်မှ ကြီးမှူးပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး နီးလာသည့်အတွက် မလိုလားအပ်သည့် ပြဿနာကို ကြိုတင်ကာကွယ်သည့် သဘော ဖြစ်သည့်အပြင် ဒုတိယအချက် အနေဖြင့် ရှက်နီ၊ ရှက်ဝါ နှစ်ပါတီ၏ အဓိကရုဏ်းကြောင့် ပြည်တွင်းစစ် ဖြစ်လောက်သည့် အနေအထားမှာ တတိယလူ ဖြစ်သည့် ရွှေ့ပြောင်း လုပ်သားများကို ပစ်မှတ်ထားပြီး လွှဲချခြင်းသာ ဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက သုံးသပ် ပြောကြားသည်။

“ပထမလူနဲ့ ဒုတိယလူ အုပ်စုတို့ မသင့်မြတ်ပေမယ့် ထိုင်းနိုင်ငံ အတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးရေး၊ နိုင်ငံရေး တိုးတက်မှုတွေ အဘက်ဘက်မှ ဆုတ်ယုတ်လာတာဟာ သူတို့ နှစ်အုပ်စုရဲ့ ပဋိပက္ခကြောင့် မဟုတ်ပဲ ထိုင်းတွေရဲ့ လုပ်ငန်းတွေကို မြန်မာ အပါအ၀င် နိုင်ငံခြားသားတွေက ၀င်ရောက် လုပ်ကိုင်နေတဲ့အတွက် ဖြစ်တယ်လို့ ယိုးမယ်ဖွဲ့ ပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်” ဟု ဦးမိုးကြိုးက သုံးသပ် ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်မှ ဦးဆောင်ပြီး မြန်မာ အလုပ်သမားများ အပါအ၀င် နိုင်ငံခြားသားများအား ရာနှင့်၊ ထောင်နှင့်ချီပြီး ဖမ်းဆီးခံလာရသည့်အတွက် မြန်မာနိုင်ငံသားများအား အမှီပြုပြီး ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေသူများ၊ မြန်မာနိုင်ငံသားများ အလုပ်သမားများအား ငှားရမ်းသည့် အိမ်ငှား ပိုင်ရှင်များ၊ မဲဆောက်မြို့တွင် ရောင်းချနေကြသည့် မြန်မာဈေးသည်များလည်း အခက်အခဲ ဖြစ်လျက်ရှိကြောင်း သိရသည်။

Writer:
ကိုရွှေသိန်း (မြဝတီ)
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.