ရှစ်လေးလုံးသမိုင်းဝင်ပြတိုက် အတွက် ဥပဒေတစ်ရပ်တင်မည်

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို ဇူလိုင်လ ၂၀ ရက်နေ့က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ယာယီသမိုင်းပြတိုက်မှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းပြတိုက် တရားဝင်ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ်ကို နှစ်နှစ်အတွင်း ပြဌာန်းနိုင် မှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်း ပြတိုက်(ယာယီ)ကို လာရောက်ပြီး ပြတိုက်တည်ထောင်ရေး အတွက် အကြိုညှိနှိုင်းဆွေးနွေးပြီးနောက် သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် ပြတိုက်တည်ထောင်တာဟာ လက်စားချေဖို့ မဟုတ်သလို အတိတ်ကိုပြန်ဖော်ပြီး တုံ့ပြန် လိုတာ မဟုတ်ဘဲ နောင်လာနောင်သားတွေအတွက် သမိုင်းသက်သေအဖြစ် အမှန်အတိုင်း သိစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ရှစ်လေးလုံးသမိုင်းပြတိုက် တရားဝင်ဖြစ်မြောက်လာဖို့အတွက် ပြည်ထောင်စုဝန်ကြီးထံ အဆိုပုံစံ ရေးသားပေးပို့ ရမှာဖြစ်ပြီး ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကို အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ကူညီစုဆောင်းပေးမှာဖြစ်ပါတယ်။

၈၈ အရေးတော်ပုံနဲ့ မျိုးဆက်တွေ ပေါ်ပေါက်လာတဲ့အတွက် NLD ပေါ်ထွန်းလာရပြီး ဒီမိုကရေစီ ဖြစ်တည်လာရတာ ဖြစ်တယ်လို့ ရှစ်လေးလုံး သမိုင်းပြတိုက်(ယာယီ)ရဲ့ဧည့်မှတ်တမ်းမှာ ပြည်ထောင်စုဝန်ကြီးက အမှတ်တရ လက်မှတ်ရေးထိုးရေးသားခဲ့ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ယာယီသမိုင်းပြတိုက်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.