ဂျပန်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ် ရွှေတိဂုံဘုရားတွင် ဆာကူရာပန်းပင်များ စိုက်ပျိုး

ဂျပန်-မြန်မာချစ်ကြည်ရေးအနေဖြင့် ဂျပန်နိုင်ငံမှ မစ္စတာ Minami Koji ဦးစီးသော ဂျပန်ချယ်ရီပင်အဖွဲ့မှ ရွှေတိဂုံဘုရားနယ်မြေအတွင်း ဂျပန်နိုင်ငံမှ ယူဆောင်လာသော ဆာကူရာပန်းပင်များကို ယနေ့(ဇူလိုင် ၁၇)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆာကူရာ(ချယ်ရီ)မျိုးစိတ်သည် ဂျပန်နိုင်ငံတွင်သာရှိပြီး မြန်မာပြည်သူများအနေဖြင့် ဆာကူရာပန်းအလှကို ခံစားနိုင်ရေး၊ ဆာကူရာပန်းပင်အောက်၌ အပန်းဖြေနိုင်ရေးအတွက် ရည်ရွယ်၍ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်တွင် ဆာကူရာ ၈၈ ပင် စိုက်ပျိုးလှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအပင်မျိုးကို မြန်မာတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာလောက်ပဲ မြင်ဖူးကြတာများပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ရွှေတိဂုံဘုရားကို လာဖူးမျှော်ရင်း ဆာကူရာပန်းအလှကို ခံစားနိုင်ဖို့ မွှေးရနံ့ကိုခံစားပြီး အပင်အောက်မှာ အနားယူနိုင်စေဖို့ ရည်ရွယ်ပြီး စိုက်ပျိုးပေးခြင်းဖြစ်တယ်”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ယင်း ဆာကူရာပန်းပင်များ မြန်မာ့ရေမြေတွင် ရှင်သန်နိုင်ရေးအတွက် သုတေသနအကြိမ်ကြိမ် ပြုလုပ်စစ်ဆေးကာ စိုက်ပျိုးခဲ့ကြောင်းနှင့် စိုက်ပျိုးချိန်မှစ၍ သုံးနှစ်အတွင်း ဖူးပွင့်ဝေဆာနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်ကလည်း နေပြည်တော် စာကြည့်တိုက်အတွင်း၌ ဆာကူရာပန်းပင် ၂၀ ခန့်ကို စိုက်ပျိုးခဲ့ပြီး ၂၀၁၇ နှစ်လပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌ စိုက်ပျိုးသွားရန်အစီအစဉ်ရှိကြောင်း သိရသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.