ပြည်သူများ ၀ိုင်းရံ့သင့်လှသော ယနေ့ ဆွေးနွေးပွဲ

ယနေ့ တွင် ၂၁ ရာစု ပင်လုံ ညီလာခံ အကြို ဆွေးနွေးပွဲ စတင်တော့မယ် ဖြစ်ပါတယ်။ ယခင် သမ္မတ ဦးသိန်းစိန်ပင် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC (United Nationalities Federal Council) နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံး အကြိမ် စတင် တွေ့ဆုံဘို့ ရှိနေပါတယ်။

အဆိုပါ အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကိုယ်တိုင် ကိုယ်ကျ သိလို၍ လာရောက်ခဲ့ကြခြင်း ဖြစ်ပြီး ဆွေးနွေးခဲ့သည်များကို ဂျူလိုင် နောက်ဆုံးပါတ်မှာ ကေအိုင်အို ကြီးစိုးရာ နယ်မြေဖြစ်တဲ့ မိုင်ဂျားယန်မှာ တွေ့ဆုံ ပြီး ၂၁ ရာစု ပင်လုံညီလာခံ ကြီးကို တက်ရောက်ရေး အပြီးသတ် ဆုံးဖြတ်ချက် ချဘို့ ရှိတယ်လို့ ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကြီးက တိုင်းရင်းသားများ အားလုံး ညီတူမျှတူ ပါဝင်မယ့် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေး အခြေခံ လုပ်ငန်းစဉ်များ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သို့သော် အဆိုပါ ရည်မှန်းချက် အောင်မြင်ရေး အတွက် အချက်ကြီး နှစ်ချက်ကို ကျော်လွှားနိုင်မှသာလျင် ဖြစ်မြောက်ဖွယ် ရှိတယ်လို့ ယူဆပါတယ်၊

ပထမ အချက်က တိုင်းရင်းသား လက်နက်ကိုင်များက ယခုလက်ရှိ ဖွဲ့စည်းပုံသည် တပ်မတော် အနေဖြင့် အစိုးရ အဖွဲ့ လက်အောက်တွင် ရှိမနေပဲ Parallel structure ဖြင့် ရှိနေ၍ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး လက်နက်ကိုင် လမ်းစဉ် ကို စွန့်လွှတ်ပြီးနောက် တပ်မတော်ဘက်ကကော အပြည့်အ၀ လိုက်နာမည်ဟု အာမခံချက် မရနိုင်ဟု သံသယ ရှိနေပါတယ်။ တပ်မတော်သည် အရပ်သား အစိုးရ အုပ်ချုပ်မှု အောက်တွင် အပြည့်အ၀ မရှိသေးသရွေ့ အဆိုပါ သံသယ များက ဆက်လက်ရှိနေခြင်း၊

ဒုတိယ အချက်ကတေှာ့ မြို့ရွာ တခုတလေမျှ ပင် သိမ်းယူနိုင်စွမ်း မရှိခဲ့သော အဆိုပါ လက်နက်ကိုင် အဖွဲ့များကို မည်သည့်အတွက်ကြောင့် တပ်မတော်ဘက်မှ အလျော့ပေး လိုက်လျောဘို့ လိုသနည်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လိုက အပြစ်အခတ် ရပ်စဲရေး ကို အရင် လက်မှတ်ထိုးမှသာ ပါဝင်ခွင့် ပြုသင့်တယ်လို့ ဆွဲကိုင်ထားတဲ့ အချက်၊

ဒီ အချက် နှစ်ချက် ကို ပြေလည်အောင် မညှိနှိုင်း နိုင်ပါက အပြည့်အ၀ အောင်မြင်ဘို့ သိတ်မလွယ်လှ၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အရ လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်မှု ကို မည်သူမျှ လျော့တွက်၍ မရ သဖြင့် စိတ်ဝင်စားစွာ စောင့်ကြည့်သင့်လှတဲ့ အပြင် မြန်မာပြည်သူ တရပ်လုံးကလည်း ငြိမ်းချမ်းရေး ကို မည်မျှ လိုလားကြကြောင်း ပြသသည့် အနေဖြင့် ၀ိုင်းရံသင့်လှပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.