ကမ္ဘာကျော် ဘောလုံးသမား မက်ဆီနှင့် သူ၏ ဖခင်အား အခွန်တိမ်းရှောင်မှုဖြင့် စပိန် တရားရုံးမှ ထောင်ဒဏ် ၂၁ လ ချမှတ်

မက်ဆီသည် အာဂျင်တီးနား နိုင်ငံသားဖြစ်သော်လည်း စပိန်နိုင်ငံတွင် အနေများပြီး စပိန် ဘာစီလိုနာအသင်း၏ နှစ်ရှည် ဘောလုံးသမား ဖြစ်သည်။

မက်ဆီနှင့် ၎င်း၏ ဖခင်တို့အား အခွန်ရှောင်မှု ၃ မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး ယင်းပြစ်ဒဏ်အား အယူခံဝင်ခွင့်ရှိကြောင်း သိရသည်။ မက်ဆီကမူ ၄င်း၏ ငွေရေးကြေးရေးကိစ္စအ၀၀ ကို ဖခင်ဖြစ်သူကသာ စီမံခြင်း ဖြစ်ပြီး ၄င်းကိုယ်တိုင် ထဲထဲဝင်ဝင် မသိရှိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။

မက်ဆီ၏ ဖခင်က မက်ဆီ၏ Image Rights ဖြင့် ရရှိသည့် ၀င်ငွေအချို့ကို အခွန်လွှတ်နိုင်ငံများတွင် ဘဏ်စာရင်းများ ဖွင့်ပြီး ၀င်ငွေခွန်ကို ရှောင်ခဲ့သည်ဟု တရားရုံးက စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

စပိန်နိုင်ငံ၏တရားဥပဒေအရ ထောင်ဒဏ် ၂ နှစ်အောက် ပြစ်ဒဏ်များအတွက် ခံဝန်နှင့် နေထိုင်ခွင့်ရှိသည်ဟုဆိုသည်။ လီယိုနယ်မက်ဆီနှင့် ၎င်း၏ဖခင်တို့အား ထောင်ဒဏ်အပြင် ငွေဒဏ် ယူရို ၃.၅ သန်း ပေးဆောင်ရန် ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

The Ladies News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.