အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားက ပြောပြသည့် အာဇာနည်နေ့နှင့် မိသားစုအကြောင်း

ရန်ကုန် ဇူလိုင် ၉

"အဖေဆုံးတော့ ကျွန်တော်က ရှစ်လသားပဲ ရှိသေးတာ၊ အဖေ့အကြောင်းကို ကျောင်းတက်တဲ့အရွယ်ကျမှ သိခဲ့ရတာ၊ အာဇာနည်နေ့ ရောက်တိုင်း အမေက အမြဲတမ်း အာဇာနည်ကုန်းကို ခေါ်သွားတယ်ဒဒဟု ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးဘဝင်း၏ သားအငယ်ဆုံး ဖြစ်သူ ဦးထွေးဝင်းက ပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားအငယ်ဆုံးဖြစ်သူ ဦးထွေးဝင်း သည် လက်ရှိအချိန်တွင် အသက် ၇ဝ အရွယ်ရှိပြီး သား သမီး မြေးများနှင့်အတူ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ်-၅(ခ)တွင် နေထိုင်လျက်ရှိသည်။

"အဖေက ညီတွေရော၊ သူ့ပတ်ဝန်းကျင်က လူတွေရော ယောက်ျားဆန်စေချင် တယ်။ မြင့်မြတ်တဲ့ စိတ်မျိုးထားစေချင်တယ်။ အမြဲတမ်းပဲ သွန်သင်ဆုံးမခဲ့တယ်ဒဒဟု ဖခင်ဦးဘဝင်းနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူပြန်လည်ပြောပြခဲ့သည်များကို ဦးထွေးဝင်းက ပြောပြသည်။

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက်ပိုင်း သမ္မတကြီး မန်းဝင်း မောင်၊ ဝန်ကြီးချုပ် ဦးနုတို့ဦးဆောင်ပြီး အာဇာနည်နေ့ အခမ်းအနားသို့ နှစ်စဉ် တက်ရောက် အလေးပြုခဲ့ကြောင်း၊ ဦးနေဝင်းလက်ထက်တွင် အစပိုင်း ၎င်းကိုယ်တိုင် တက်ရောက် အလေးပြုခဲ့သော်လည်း နောက်ပိုင်းတွင် ယဉ်ကျေးမှုဝန်ကြီးနှင့် မြို့တော်ဝန် အဆင့်လောက်နှင့်သာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ ကြောင်း ဦးထွေးဝင်းက ပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက်ပိုင်း ကျန်ရစ်သူ ဇနီးသည်များအား လုပ်ကိုင်စားသောက်နိုင်ရန် BOC ကုမ္ပဏီမှ ဆီရောင်းချခွင့်ပါမစ်ချပေးခဲ့ကြောင်း၊ မြေ နေရာကို ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူစေခဲ့ကြောင်း၊ ဦးနေဝင်း တက်လာပြီးနောက်ပိုင်းတွင် အဆိုပါ ဓာတ်ဆီဆိုင်နှင့် မြေနေရာ ကို ပြည်သူပိုင်အဖြစ် သိမ်းယူပြီး ထောက်ပံ့ငွေတစ်လငွေကျပ် ၁ဝဝဝ ပေးခဲ့ကြောင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများထံမှ သိရသည်။

"BOC က ချပေးတဲ့ ဓာတ်ဆီဆိုင်ပါမစ်ကို ဒေါ်ခင်ကြည် က မယူခဲ့ဘူး၊ ရဲဘော် ကိုထွေးလည်းမရဘူး၊ ကျန်တဲ့ခေါင်းဆောင် တွေရဲ့ မိသားစုဝင်တွေတော့ရတယ်။ အဲဒီတုန်းကတော့ အဆင် ပြေတာပေါ့၊ ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်လာ ကြတယ်။ ပြန်ရဖို့အတွက် အကြိမ်ကြိမ်ပြန်လျှောက်ခဲ့တယ်။ မရခဲ့ပါဘူးဒဒဟု ဦးထွေးဝင်းက အတိတ်အကြောင်းကို ပြန်ပြောင်း ပြောပြသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း ကွယ်လွန်ချိန်တွင် ဇနီးသည်နှင့် သားသမီး ခြောက်ဦးကျန်ရစ်ခဲ့ပြီး အစိုးရက ထောက်ပံ့ကြေးငွေတစ်သိန်းပေးအပ်ခဲ့ရာ အဆိုပါငွေများ မပျောက်ပျက်စေရန်အတွက် မြန်မာ့အလင်း ဦးတင်တို့ ပါဝင် သည့်အမွေထိန်းအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ကြောင်း ဦးထွေးဝင်းထံမှ သိရသည်။

"အဖေဆုံးတဲ့အချိန် အမေကငယ်သေးတော့ အမွေထိန်းနဲ့ နေခဲ့ရတာ၊ အမွေထိန်းက အားလုံးကိုထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်ဒဒဟု ဦးထွေးဝင်းက ပြောသည်။
"အခုတော့ အစိုးရကလည်း ပြောင်းသွားပြီ၊ အာဇာနည် နေ့နဲ့ပတ်သက်ပြီး ခမ်းခမ်းနားနား လုပ်ကြတာပေါ့၊ ဒါ ကောင်းပါ တယ်ဒဒဟု ဦးထွေးဝင်းက ပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီးများ မြှုပ်နှံထားသည့် အာဇာနည်ဗိမာန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတင်ထွဋ်၊ ဗိုလ်စိန်မှန်တို့ အုတ်ဂူများ ယခင်ကရှိခဲ့သော် လည်း ဗုံးခွဲခံရပြီးနောက်ပိုင်း အဆိုပါအုတ်ဂူများအား မည်သည့် နေရာတွင် ရွှေ့ပြောင်းလိုက်သည်ကို မသိလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းလည်း ဦးထွေးဝင်းက ဆိုသည်။

ဖခင်ဖြစ်သူ ဦးဘဝင်းနှင့်ပတ်သက်၍ အမှတ်တရ ဖြစ်စရာ များကို သားဖြစ်သူ ဦးထွေးဝင်း က ဒဒအဖေက သနားဖို့ကောင်း တယ်။ကောလိပ်ကျောင်း နှစ်နှစ်လောက်တက်ပြီး အလုပ်ဝင် ခဲ့တာ၊ ညီတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးအောင်သန်း ကို ထောက်ပံ့ပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို ငါးတန်း ကနေ ဆယ်တန်းအထိ ထောက်ပံ့ပေးခဲ့တယ်။ ဗိုလ်ချုပ်ကို ခေါ်ပြီး အင်္ဂလိပ်ရုပ်ရှင်ကားတွေ သွားကြည့်တယ်။ပြီးရင် ဘာသာပြန်ခိုင်းတယ်ဒဒဟု ပြောပြသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း ကွယ်လွန်ချိန် တွင် သားသမီးခြောက်ဦး ကျန်ရစ်ခဲ့ပြီး မိခင်ဖြစ်သူ၏ ထိန်းကျောင်းမှုဖြင့် သားငယ်ဖြစ်သူ ဦးထွေးဝင်းမှအပ ကျန်သားသမီး ငါးဦးမှာ နိုင်ငံ့ဝန်ထမ်းတာဝန်များကို ထမ်းဆောင်ခဲ့ကြကြောင်း၊ လက်ရှိတွင် မိခင်ဖြစ်သူနှင့် အစ်မအကြီးဆုံးဖြစ်သူတို့မှာ ကွယ်လွန်သွားခဲ့ပြီး ညီအစ်ကို မောင်နှမငါးဦးသာ ကျန်ရှိကြောင်း သိရသည်။

သတင်း - မင်းသစ်(သတင်းစဉ်)၊ ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ - ဇော်မင်းလတ်
MOI Webportal Myanmar

COMMENTS

Name

art,1,article,1288,cartoon variety,22,crime,54,culture,1,documentary,7,Entertainment,5,health,29,history,2,international,6708,interview,208,knowledge,5,Live,8,LocalNews,14588,news,2842,opinion,753,photos,202,poem,115,satires,38,song,12,speech,12,sports,131,statement,59,technic,49,translate,33,video,1061,voice,76,
ltr
item
dawnmanhon: အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားက ပြောပြသည့် အာဇာနည်နေ့နှင့် မိသားစုအကြောင်း
အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားက ပြောပြသည့် အာဇာနည်နေ့နှင့် မိသားစုအကြောင်း
https://3.bp.blogspot.com/-q4nvia6fs0E/V4HcpMAZZhI/AAAAAAAAYKI/Z4PCiGzFKU4aHr-CbpM6VcPd4iaRLsbPQCLcB/s1600/q1.jpg
https://3.bp.blogspot.com/-q4nvia6fs0E/V4HcpMAZZhI/AAAAAAAAYKI/Z4PCiGzFKU4aHr-CbpM6VcPd4iaRLsbPQCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/07/blog-post_392.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/07/blog-post_392.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy