နိုင်ငံရေးလုပ်ငန်းတွေမှာ ပါဝင်ခွင့်ပေးဖို့ အဖွဲ့အစည်း ၄ဝ တောင်းဆို

 dassk-state-counselor-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office-Facebook

နယ်စပ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ လောက်က သူတို့ကို မူလနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ခွင့်ပြုဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့် ပေးစာ ပေးပို့တင်ပြလိုက်ပါတယ်။

ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ အခြေစိုက်ထားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ၄၀ တို့က စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ မနေ့က ရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ကဆုမွန်က ပြောပါတယ်။

အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရဲ့ ပြီးခဲ့တဲ့ရက်ပိုင်း အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချပြီး အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ လူ့အခွင့်အရေးအဖွဲ့တွေဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ် အိန္ဒိယ မြန်မာနယ်စပ်တွေမှာ အခြေပြုပြီး ဖက်ဒရယ်အရေး လူ့အခွင့်အရေးတွေကို ဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.