နည်းဗျူဟာချင်း အားပြိုင်ကြမည့် နည်းပြနှစ်ဦး ယူရိုဗိုလ်လုပွဲ

ယူရို ၂ဝ၁၆ ပြိုင်ပွဲတစ်လျှောက်လုံးမှာ နည်းဗျူဟာအားပြိုင်ခဲ့ကြသည့် ပွဲစဉ်ဆို၍ အီတလီ-စပိန်၊ အီတလီ-ဂျာမနီနှင့် ပြင်သစ်-ဂျာမနီပွဲစဉ်တို့သာ ထင်ထင်ရှားရှားရှိခဲ့ကြသည်။ ပြိုင်ပွဲတစ်ပွဲမှာ ပရိ သတ်ကိုညှို့ ယူဖမ်း စားနိုင်ခြင်မှာ နည်းစနစ်ပိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ် လာခဲ့သည်။ ပြိုင်ဘက်အသင်း၏အားနည်းမှုကို အခွင့်အရေးယူချင်းထက် နည်းစနစ်ဖြင့် ကစားခြင်းက ပြိုင်ပွဲကို ပိုပြီးပြင်းထန်စေသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ တနင်္ဂနွေညတွင်ကစားမည့် ပြင်သစ်နှင့် ပေါ်တူဂီပွဲသည်လည်း တစ်သင်း ခြင်း စီ၏ နည်းဗျူဟာများကြောင့် အကြိတ် အနယ်ဖြစ်လာပေဦးမည်။

ပေါ်တူဂီ

ပေါ်တူဂီနည်းပြဆန်းတို့စ်၏ နည်းဗျူ ဟာမှာ ယူရိုပြိုင်ပွဲဝင် ၂၃သင်း အသုံးပြုခြင်း မရှိသည့် နည်းဗျူဟာဖြစ်ခဲ့သည်။ ၄-၃-၁-၂ ကစားကွက်ဖြင့် ခင်းကျင်းလာခဲ့သော်လည်း တကယ်တမ်းကစားခဲ့ရာတွင် ၄-၁-၃-၂ ပုံစံ ကိုအသုံးပြုခဲ့သည်။ ဝီလီယံကာဗယ်ဟိုကို နောက်တန်းခံစစ်လေးယောက် တန်းရှေ့ တွင်ထားပြီး မာရီယို၊ ဆေးလ်ဗား၊ ဆန်းချက်စ်တို့က တိုက်စစ်ကိုလိုက်ပါကစားပြီး နေရာလွတ်များရရှိအောင် ဖန်တီးသည့် နည်း စနစ်မှာ ပြိုင်ဘက်အသင်းအတွက်အ ခက်တွေ့စေခဲ့သည်။ ပိုလန်ကိုအနိုင်ကစားခဲ့သည့်ပွဲတွင် သူတို့သုံးယောက်၏ကွင်းလယ်က ဖန်တီးထားသည့်ကစားကွက်နှင့်အံမဝင်ခဲ့ဘဲ လျင်မြန်မှုဖြင့် ရှုပ်ထွေးစွာက စား ခဲ့ခြင်း ကြောင့် ဆန်းတို့စ်လိုချင်သည့် ကစားဟန်ကိုမရခဲ့ပေ။ ပေါ်တူဂီအသင်းတွင် ဖြတ်တင် ဘောပေးရာ၌ ထူးချွန်သည့်ကစားသမားများရှိ နေခဲ့သော်လည်း သေသပ်ကောင်းမွန်သည့် ဖြတ်တင်ဘောများပြုလုပ်နိုင် ခဲ့ခြင်းမရှိ၍သာ ပိုလန်နှင့်ပွဲ၌ ဂိုးမရခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီအသင်း၏စုဖွဲ့မှုမှာ အားစိုက်ကစားနိုင်သည့် လူငယ်ကစား သမားများ ပါဝင်နေခဲ့သော်လည်း တိုက်စစ်လမ်းကြောင်း ကိုပုံဖော်ရာ၌ နောက် တန်း ကိုပြန်ပေးပြီး ပြိုင်ဘက်ကိုဆွဲခေါ်သည့်နည်းဗျူဟာမှာလည်း ထူးခြားနေခဲ့ သည်။ စီရော်နယ်ဒို၏တန်ပြန် တိုက်စစ်ကစားအားကိုအသုံးချမည်ဟုထင် မိသော်လည်း တကယ်တမ်းတွင် အနီးကပ် ပေးပို့မှုများ၊ တောင်ပံ တိုက်စစ် များမှ ထိုး ဖောက်ကာ တိုက်စစ် ကစားခဲ့ခြင်းဖြစ်သည်။ ခံစစ်ကစားရာ တွင်လည်း ကာဗယ်ဟို၏ကွင်း လယ်အဖျက်ကစားအားမှာ ပြိုင်ဘက်အသင်း များအတွက် အဟန့်အတားဖြစ်ခဲ့၍ ဗဟိုခံစစ်မှူးများဖြစ်သည့် ပီပီ၊ ဖွန်တီတို့လှုပ်ရှားချိန်ပိုရလာပြီး ပြိုင်ဘက်တိုက်စစ် လမ်း ကြောင်းမှာ အားနည်းသွားခဲ့သည်။

ပြင်သစ်

ပြင်သစ်နည်းပြဒက်ချမ့်သည် အုပ်စုပွဲ စဉ်များတွင် ကန်တီကိုပွဲထုတ်ချင်ခဲ့၍ ၄-၃-၃ ကစားကွက်ဖြင့် ပြင်ဆင်လာခဲ့သည်။ ထိုက စားကွက်တွင် ဂရေ့ဇ်မန်းမှာ တောင်ပံထွက် ကစားခဲ့ရ၍ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ထိုကစား ကွက်အစား ၄-၂-၃-၁ ကို ပြောင်းလဲအသုံး ပြုရာ၌ ဂရေ့ဇ်မန်းခြေစွမ်းပြနိုင် ခဲ့သည်။ ဂျီရော့ဒ်မှာ အယောင်ပြတိုက်စစ်မှူးဖြစ်လာခဲ့ပြီး ဂရေ့ဇ်မန်းကို လှုပ်ရှားခွင့်ပြုချိန်တွင် တိုက်စစ်ကစားပုံကောင်းမွန်လာခဲ့ကာ ဂျာ မနီ ကဲ့သို့အသင်းမျိုးကို ၂-ဝ ဂိုးဖြင့်နိုင်ပွဲရ ခဲ့သည်။ ဆီမီးဖိုင်နယ်၌ နည်းပြဒက်ချမ့် သည် အိုဇေးလ်နှင့် တိုနီခရူးစ်တို့၏ ကွင်း လယ်မောင်းနှင်အား ကို နေရာလွတ်ပေးခဲ့သည်ဆိုသော်လည်း ပေါ့ဘာ၊ မက်တူရီဒီတို့ ခံစစ် ကိုလိုက်ပါကစားပေးနိုင်ခဲ့၍ ဂျာမနီ တိုက်စစ်မှူးများ ဂိုးရရန်ရုန်းကန်ခဲ့ရသည်။

ပေါ်တူဂီနှင့်ပွဲတွင်လည်း ဒက်ချမ့်သည် ဂျာမနီကိုရင်ဆိုင်ခဲ့သည့်ပွဲက လူစာရင်း အ တိုင်းပင် အပြောင်းအလဲမရှိပွဲထွက်လာပေ လိမ့်မည်။ ပေါ်တူဂီ တိုက် စစ်ဖွင့်ကစားချိန်တွင် ကာဗယ်ဟို၏တိုက်စစ်လိုက်ပါကစား မှုကြောင့် လေးယောက်တန်းထားသည့် ပေါ်တူဂီခံစစ်ရှေ့တွင် အားနည်း သွားပြီး ပြင်သစ်အသင်းဖြတ်တင်ဘောများမှ အခွင့် အရေးရယူ သွားနိုင်သည်။ ပေါ်တူဂီအသင်း ကလည်း အီဗရာနှင့် ဆက်ဂ်နာတို့၏တိုက် စစ်အလွန်အကျွံလိုက်ပါကစားမှုကို အသုံး ချပြီး ဂိုးရရန်ပြင်ဆင်လာပေမည်။ ထူးခြား မှုမှာ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ပြင်သစ်က ပင်နယ်တီဂိုး၊ ပေါ်တူ ဂီက ထောင့်ကန်ဘော မှ ခေါင်းတိုက်ဂိုးများရယူထားခြင်းကြောင့် အလွတ်တည်ကန်ဘောများကို နှစ်သင်းစ လုံးသတိပြုရပေလိမ့်မည်။ ပရိသတ်စိတ်ဝင် စားမှုအမြင့်ဆုံးဖြစ်သည့် ဗိုလ်လုပွဲဖြစ်သည် နှင့်အညီ ဥရောပဗိုလ်ဖြစ်ရန် နည်းပြနှစ်ဦး ၏ နည်းဗျူဟာပြိုင်ပွဲဖြစ်လာပေလိမ့်မည်။

AST

‪#‎democracytoday‬
Yangon Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.