ဗန်းမော်ဆိပ်ကမ်း ကာကွယ် ဖို့ ပြည်နယ်လွှတ်တော် အတည်ပြု

 kachin-parliament-620.jpg ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ကတွေ့ရစဉ်။
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဗန်းမော်ဆိပ်ကမ်းကို ဧရာဝတီမြစ်ရေတိုက်စားမှုဒါဏ်ကာကွယ်ရေးနဲ့ မြို့သာယာ လှပရေးအတွက် ကျောက်စီမြေထိန်း နံရံတည်ဆောက်ပေး ဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ကုန်စည် ကူးသန်းရောင်းဝယ်ရေးမှာ အချက်အချာကျတဲ့ ဗန်းမော်ဆိပ်ကမ်းကို မြစ်ရေတိုက်စား မှုကနေ ကာကွယ်ပေးဖို့ ဗန်းမော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သင်းက ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

"ဧရာဝတီမြစ်ရေဟာ တစ်ကယ်တိုက်စားလာပြီဆိုရင် ရှောင်လွှဲဖို့မရပါဘူး၊ ဗန်းမော်ဆိပ်ကမ်းတည်မြဲအောင်သာ ကျနော်တို့ခိုင်မာတဲ့ ကျောက်စီမြေ ထိန်းနံရံများနဲ့ ပြုလုပ်မှာသာ ဗန်းမော်ရဲ့မြို့အနေအထားကလည်း သာယာလှပလာမှာဖြစ်ပါတယ်၊ ဒါကြောင့်ကျောက်စီမြေထိန်းနံရံပြုလုပ်ပေးရန် ဥက္ကဌကြီးမှ တဆင့် ပြည်နယ်အစိုးရကို တိုက်တွန်းပါတယ်"

ဗန်းမော်မြို့ဟာ အရင်က သင်္ဘောဆိပ်ကမ်းမြို့ဟောင်းတစ်ခုဖြစ်ခဲ့ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးနဲ့ ချိတ်ဆက်ပြီး မန္တလေးကနေတဆင့် မြန်မာနိုင်ငံ အောက် ပိုင်းကို ကုန်စည်သယ်ယူပို့ဆောင်းရေးနဲ့ ကူးသန်းသွားလာရေးအတွက် အဓိက အားထားခဲ့တာဖြစ်ပါတယ်။

အလားတူ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း တင်သွင်းတဲ့ ဟိုပင်မြို့က သရက်ချောင်းကူး ရထားနဲ့ ကားလမ်း တံတား ရေတိုက်စားမှုဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက် ကျောက်စီမြေထိန်း နံရံတွေတည်ဆောက်ဖို့ တိုက်တွန်းကြောင်းအဆိုကိုလည်း ပြည်နယ်လွှတ်တော် မှာ ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေက လမ်းတွေပြန်လည်ပြုပြင်ဖောက်လုပ်ပေးဖို့ နဲ့ ကချင်ပြည်နယ် အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ ကို အမြန်ဆုံးပပျောက်အောင် ဆောင်ရွက်ပေးဖို့ ရှိမရှိ မေးခွန်းတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ကြပါတယ်။

လွှတ်တော်က အတည်ပြုလိုက်တဲ့ ရေတိုက်စားမှုဒါဏ်ကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံတည်ဆောက်ပေးဖို့ တိုက်တွန်းကြောင်း အဆိုနှစ်ရပ်ကို မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.