ရုရှအစိုးရဌာနများ အကြီးစားဆိုက်ဘာတိုက်ခိုက်ခံရ

မော်စကို၊ ဇူလိုင် ၃၁ ။ ။ ရုရှအစိုးရဌာနများအား အဆင့်မြင့်ဆိုက်ဘာတိုက်ခိုက်ခြင်းခံရကြောင်း နိုင်ငံ၏ ထောက်လှမ်းရေးဌာနက ပြောသည်။

ဆိုက်ဘာသူလျှိုဗိုင်းရပ်စ်များက အစိုးရဌာန ၂၀ နီးပါး၏ ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗဟိုလုံခြုံရေးဌာန FSB က ပြောသည်။

အမေရိကန်တွင် ဒီမိုကရက်တစ်ပါတီအချက်အလက်များ ဟက်ကာထွင်းဖောက်ခံရပြီး ရုရှနိုင်ငံ စွပ်စွဲခံရထားစဉ် ယခုကဲ့သို့ ရုရှအစိုးရဌာနများ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ ဟက်ကာတိုက်ခိုက်ခံရခြင်းအား ရုရှအစိုးရက ငြင်းဆိုပြီး အမေရိကန်၏ ရုရှဆန့်ကျင်ရေး နှုတ်အားဖြင့် တိုက်ခိုက်ခြင်းတစ်ရပ်အဖြစ် ပြန်လည်ရှုတ်ချသည်။

ယခုရုရှနက်ဝက်များ တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်ပြီး FSB က လက်သည်ကို မည်သူမည်ဝါ စွပ်စွဲခြင်းမရှိသော်လည်း အသေးစိတ်ပြောဆိုခြင်းမရှိဘဲ ဆိုက်ဘာသူလျှိုလုပ်မှုထက် ပိုသည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်ဟု ပြောသည်။

ရုရှအစိုးရဌာနများကို ဆိုက်ဘာတိုက်ခိုက်မှုက အစီစဉ်တကျဖြင့် အဆင့်မြင့်မြင့်လုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ သိပ္ပံနည်းပညာဌာနများနှင့် စစ်ဖက်ဆိုင်ရကုမ္ပဏီများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း ပြောသည်။

ဘီဘီစီ
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.