အီတလီကို ပြိုင်ပွဲကြီးတွေမှာ ပထမဆုံး အနိုင်ရပြီး ဆီမီးတက်ခဲ့တဲ့ ဂျာမနီ



ပြိုင်ပွဲကြီးတွေမှာ အီတလီနဲ့တွေ့တိုင်း အနိုင်မရခဲ့တဲ့ ဂျာမနီအသင်းဟာ ယူရို-၂၀၁၆ ကွာတားဖိုင်နယ်မှာတော့ ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဒီပွဲမှာ အီတလီနည်းတူ (၃)ယောက်တန်း ခံစစ်နဲ့ ပွဲထွက်လာပြီး တစ်သင်းအမှား တစ်သင်းစောင့် ကစားခဲ့တာကြောင့် နှစ်သင်းစလုံး အခွင့်အရေးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဂျာမနီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရပြီး ဖိကစားနိုင်ခဲ့ပေမယ့် ပထမဆုံး ဂိုးပေါက်ကန်ချက်ကို (၄၁)မိနစ်ရောက်မှ ပြုလုပ်နိုင်ခဲ့တာပါ။

ဂျာမနီနဲ့ အီတလီတို့ ပြိုင်ပွဲကြီးတွေမှာ တွေ့ဆုံတိုင်း ပထမပိုင်းမှာ ဂိုးသွင်းယူမှု နည်းတဲ့အစဉ်အလာကို ဒီနေ့ပွဲမှာလည်း ဆက်ထိန်းပြီး ပထမပိုင်း ဂိုးမရှိ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်း (၆၅)မိနစ်မှာတော့ ဂျာမနီအသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဂိုးမက်ဇ်က ဘယ်အစွန် နောက်ခံလူ ဟက်တာရဲ့ ပြေးလမ်းကြောင်းထဲခင်း၊ ဟက်တာရဲ့ ဖြတ်တင်ပေးပို့မှုက ဂျူဗင်တပ်စ် နောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းကာ အိုဇေးလ်ဆီရောက်၊ အိုဇေးလ်က အီတလီ ဂိုးသမား ဘူဖွန်ရဲ့ ညာဘက်ကို ကန်သွင်းသွားခဲ့တာပါ။

ဒီဂိုးရပြီးနောက်ပိုင်းမှာလည်း ဂျာမနီအသင်းပဲ ဆက်လက် အသာစီးရခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ဂျာမနီ နောက်ခံလူ ဘိုတန် ပယ်နယ်တီ ဧရိယာထဲမှာ လက်ထိဘော ဖြစ်ခဲ့တာကြောင့် အီတလီအသင်း ပယ်နယ်တီရခဲ့ပြီး ပွဲချိန်(၇၈)မိနစ်မှာ အီတလီ နောက်ခံလူ ဘိုနူချီက ကန်သွင်းနိုင်ခဲ့ပါတယ်။

မိနစ်(၉၀)အတွင်း (၁-၁)ဂိုး သရေကျခဲ့ပြီး အချိန်ပိုမှာ ဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာ နှစ်သင်းစလုံး လွဲချော်မှုများခဲ့ပြီး (၉)ကြိမ်စီ ကန်သွင်းခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဂျာမနီအသင်းက (၆-၅)ဂိုးနဲ့ နိုင်ပြီး အီတလီအသင်းကို ပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ အိုက်စလန်တို့ထဲက တက်လာတဲ့အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

■ ပွဲရလဒ်

ဂျာမနီ ၁-၁ အီတလီ

(ပယ်နယ်တီတွင် ၆-၅ ဂိုးဖြင့် ဂျာမနီ နိုင်)

Photo: AFP, ESPN, Soccerway
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.