တူရကီတွင် အာဏာသိမ်းရန်ကြံစည်မှုနောက်ပိုင်း သံသယရှိသည့် ရဲအင်အား တစ်သောင်းနီးပါးအား တာဝန်ဆိုင်းငံ့

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၈ ။ ။ တူရကီနိုင်ငံတွင် ဖြစ်ပွားသွားသော အာဏာသိမ်းရန်ကြံစည်မှုနှင့် ပတ်သက်သည်ဟု သံသယရှိရသော ရဲအင်အား ၈၀၀၀ ခန့်ကို တာဝန်က ဆိုင်းငံ့ထားကြောင်း တူရကီအရာရှိများက ပြောသည်။

ဗိုလ်ချုပ်အဆင့်များအပါအဝင် စစ်သားနှင့် တရားရေးဌာနအရာရှိပေါင်း ၆၀၀၀ ခန့်ကိုလည်း ဖမ်းဆီးထားသည်။

အစိုးရဌာနအဖွဲ့အစည်းများအတွင်း ပုန်ကန်မှုကိုဖြစ်ပွားစေသည့် အမှောင့်ပယောဂများကို ကျုပင်ခုတ်ကျုငုတ်မကျန် ရှင်းလင်းသွားမည်ဟု သမ္မတအာဒိုဂန်က ကြွေးကြော်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဒီမိုကရေစီအုပ်ချုပ်ရေးက အရေးကြီးသည်ဟု အလေးအနက်သတိပေးသည်။

အမေရိကန်အနေဖြင့် တူရကီနိုင်ငံက ရွေးကောက်ခံခေါင်းဆောင်အုပ်စုဖက်က အတိအလင်းရပ်တည်ကြောင်း ဘရပ်ဆဲလ်တွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံသည့် အစည်းအဝေး၌ ဂျွန်ကယ်ရီက ပြောသည်။

အာဏာသိမ်းရန်ကြံစည်မှုနောက်ကွယ်တွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆတ်တူလက်ရှ်ဂူလန် ရှိနေကြောင်း တူရကီအစိုးရက အခိုင်အမာစွပ်စွဲသည်။

အမေရိကန်တွင် အခြေစိုက်နေထိုင်လျက်ရှိသူ ဂူလန်က မည်သည့်ပါဝင်ပတ်သက်မှုမျှ မရှိကြောင်း အခိုင်အမာငြင်းဆိုသည်။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.