မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးကို နိုင်ငံတော် ဘဏ္ဍာငွေနဲ့ အသစ်ဆောက်လုပ်

 mingalar-market-press-620.jpg ရန်ကုန်တိုင်းလွှတ်တော် လူမူရေးနဲ့ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တွေနဲ့ မင်္ဂလာဈေး ဈေးသူဈေးသားတို့ ဇူလိုင်လ ၆ ရက်နေ့က ရွှတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ မင်္ဂလာဈေးဓမ္မာရုံမှာ တွေ့ဆုံနေစဉ်
Photo: Htet Arker/ RFA

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန်မြို့နယ်က မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးကို နိုင်ငံတော် ဘဏ္ဍာငွေနဲ့ အသစ်ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် လူမူရေးနဲ့ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

ဒီကနေ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ မင်္ဂလာဈေးဓမ္မာရုံမှာ မင်္ဂလာဈေး ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံ ရာမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောတာဖြစ်ပါတယ်။

မင်္ဂလာဈေးကြီးကို တစ်နှစ်ခွဲအတွင်း အပြီးဆောက်လုပ်သွားမှာ ဖြစ်ပြီး စတင်ဆောက်လုပ်မယ့် အချိန်ကာလကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းသွားမယ်လို့ ဦးလှဌေး က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက မင်္ဂလာဈေးကို အသစ်ပြန်ဆောက်မလား၊ ပြန်လည်ပြင်ဆင်မလားဆိုတာကို ဈေးသူ ဈေး သားတွေ မဲခွဲခဲ့ရာ အသစ်ပြန်လည်ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၉ ရက်နေ့က မင်္ဂလာဈေးမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် မီးထဲပါသွားတာဖြစ် ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.