ကလေးဝမြို့နယ်မှာ လူဦးရေ ၂ သောင်းနီးပါး ရေဘေးဒဏ်ခံနေရ


sagaing-flooding-620.jpg
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းဒေသမှာ ဇူလိုင်လ ၃၁ ရက်နေ့က ရေနစ်မြုပ်နေသည် ကို တွေ့ရစဉ်
Photo: အောင်ကိုဦး/ Facebook

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှာ အိမ်ထောင်စု ၄ ထောင်ကျော် လူဦးရေ ၂ သောင်းနီးပါး ရေဘေးဒဏ်ခံနေရတဲ့ အတွက် ကုန်းမြင့်တဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

အစိုးရဌာနဆိုင်ရာတွေက ဒေသခံတွေ နေရာပြောင်းရွှေ့တာတွေ အကူအညီပေးနေတယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော် က ပြောပါတယ်။

ချင်းတွင်းမြစ်နဲ့ မြစ်သာမြစ်ဟာ ကလေးဝမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတာ ၂ ပတ် ကျော်ကြာနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က လူနေအိမ်တွေ စတင်ရေမြုပ်ခဲ့တာဖြစ်ပါတယ်။

အလားတူ ကနီမြို့မှာလည်း ချင်းတွင်းမြစ်ရေမြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စု ၂၀ လောက် ရေနစ်မြုပ်နေပြီး မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းတစ်ခု မနေ့က ဖွင့်လှစ်လိုက်ပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်က ကျေးရွာတချို့မှာ လူနေအိမ်တွေ ရေ၀င်ရောက်နေပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဇူလိုင်လ(၃၁)ရက်နေ့ကနေ သြဂုတ်လ(၆)ရက်နေ့အထိ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌ၀တီ၊ င၀န် မြစ်ရေတွေ မြင့်တက်ပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နိုင်ကြောင်း မြစ်ရေမြင့်တက်မှုတွေ ရှိနေနိုင်သေးတာကြောင့် သတိထားကြဖို့ အသိပေးထားပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.