အသက်မွေးဝမ်းကျောင်းပညာရေး အရေးကြီး



နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကကျင်းပတဲ့ နည်းပညာနဲ့ အသက်မွေးပညာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဟောပြောပြီးနောက် ပြခန်းတွေကို လှည့်လည်ကြည့်ရှုစဉ်။ Photo: Win Ko Ko Latt/RFA
အသက်မွေးဝမ်းကျောင်းပညာရေးစနစ် အောင်မြင်နေတဲ့နိုင်ငံတွေမှာ လူငယ်တွေနဲ့ လူမှုအသိုင်းတွေက သူတို့ ကိုယ်သူတို့ ဒုတိယတန်းစားပညာသင်ယူနေတယ်လို့ မသတ်မှတ်ကြတဲ့အတွက် အသက်မွေးဝမ်းကျောင်းပညာရေး ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။

ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ နှစ်ရက်တာကျင်းပမယ့် နည်းပညာနဲ့ သက်မွေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံအများစုမှာ အသက်မွေးပညာတတ်တဲ့ လူငယ်တွေဟာ အလုပ်အကိုင်ပိုရတဲ့အကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည် က ပြောပါတယ်။

အသက်မွေးဝမ်းကြောင်း ပညာအဆင့်အတန်းဟာ နိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီမှုရှိဖို့ လိုတဲ့အကြောင်း၊ အစိုးရတရပ်တည်းတင် မဟုတ်ဘဲ အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲ (Public Private Partnership) စနစ်သွားဖို့ လိုတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်၊ ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NGO၊ INGO နဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.