အိုင်အက်စ်ဗုံးခွဲမှုကြောင့် ဘဂ္ဂဒက်မှာ လူ ၈၀ ထက်မနည်း သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အိုင်အက်စ်အဖွဲ့လို့ဆိုတဲ့ အဖွဲ့ရဲ့ နှစ်နေရာဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈၀ထက်မနည်း သေဆုံးသွားပြီး ၁၃၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စနေနေ့နှောင်းပိုင်းကဖြစ်ခဲ့တဲ့ ပထမဆုံးတိုက်ခိုက်မှုမှာ အလယ်ပိုင်းခရိုင် ကာရာဒါရဲ့ ဈေးဝယ်ဧရိယာနဲ့ စားသောက် ဆိုင်တစ်ခုအနီးမှာ အသေခံကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဒုတိယဗုံးပေါက်ကွဲမှုကတော့ သည်မြို့မြောက်ပိုင်း က အဓိကရှီးယာဧရိယာထဲမှာ ပေါက်ကွဲခဲ့ပါတယ်။

သည်ဗုံးပေါက်ကွဲမှုတွေဟာ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိုင်အက်စ်လက်တွင်းကနေ ဖော်လူဂျာမြို့ကို ပြန်သိမ်း ပိုက်ပြီးနောက်တစ်ပတ်အကြာမှာ ဖြစ်ပွားခဲ့တာပါ။
အာဏာပိုင်တွေက သည်မြို့ဟာ ဘဂ္ဂဒက်မြို့မှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက် အိုင်အက်စ်တွေက ခြေကုပ်နယ်မြေ တစ်ခုအဖြစ် အသုံးပြုကြတယ်လို့ ပြောပါတယ်။

ကာရာဒါမြို့က သည်အသေခံကားဗုံးခွဲတိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့တယ်လို့ အိုင်အက်စ်က စနေနေ့က ကြေညာခဲ့ပါ တယ်။ သည်ကားဗုံးဟာ မွတ်စလင်တွေရဲ့ ရာမဒန် ဥပုသ်လအတွင်း လူတွေညစာ အပြင်ထွက်စားနေချိန်မှာ ပေါက်ကွဲခဲ့တာပါ။ အိုင်အက်စ်တွေဟာ အီရတ် ဒုတိယအကြီးဆုံးမြို့ မိုဆူးအပါအဝင် မြောက်ပိုင်းနဲ့အနောက်ပိုင်းက နယ်မြေတစ်ခွင်တပြင်ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်ထောက်ခံပေးထားတဲ့ သူပုန်တွေရဲ့ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ဆီးရီးယားနဲ့အီရတ်နိုင်ငံမှာ အိုင်အက်စ်အဖွဲ့ဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။

ချိုလေးငယ်
Ref: BBC ( July 3, 2016 )
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.