သမဂ္ဂ အဆောက်အဦ ဖြိုချ ခံရတာ ၅၄ နှစ် ရှိပြီ

သမိုင်းဝင် တက္ကသိုလ် သမဂ္ဂ အဆောက်အဦး။

ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းထဲက သမိုင်းဝင် တက္ကသိုလ် သမဂ္ဂ အဆောက်အဦး ဗုံးခွဲ ဖြိုချ ခံခဲ့ရပြီး၊ ဆန္ဒပြ ကျောင်းသား တွေလည်း ပစ်ခတ် သတ်ဖြတ် ခံခဲ့ရတဲ့ ဆဲဗင်း ဂျူလိုင် အရေးခင်း ၅၄ နှစ် ပြည့် မြောက် ခဲ့ပြီ ဖြစ်ပါတယ်။

၁၉၆၂ စစ် အာဏာသိမ်း အစိုးရ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်၊ စစ် အာဏာသိမ်းမှု ကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြတဲ့ ကျောင်းသားတွေ ကို စစ်တပ်က အင်အားသုံး ဖြိုခွဲ ခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်လစ် တော်လှန်ရေး အသွင်နဲ့ အာဏာသိမ်းမှု အပေါ် ပမညတ အဖွဲ့လိုမျိုး မြေပေါ် လက်ဝဲ အင်အားစု တွေက ထောက်ခံ နေချိန်မှာ ကျောင်းသား သမဂ္ဂ ကသာ ဒါဟာ စစ် အာဏာသိမ်းမှု ဆိုတဲ့ အချက်ကို ရဲရဲဝံ့ဝံ့ ထောက်ပြ ခဲ့တာ ဖြစ်တယ်လို့ အဲဒီ့ အချိန်က ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးလှရွှေက ဘီဘီစီကို ပြောပါတယ်။

ကျောင်းဆောင် စည်းကမ်း ၂၂ ချက် ဆိုပြီး တက္ကသိုလ် အာဏာပိုင် တွေ က ထုတ်ပြန် လာတဲ့ တင်းကြပ်မှု တွေ ကို ဆန့်ကျင်တဲ့ ဟောပြောမှု ကျောင်းဝင်း ထဲ ပေါ်ပေါက် လာတဲ့ နေ့မှာ စစ်တပ်က ကျောင်းဝင်းထဲ ဝင်ရောက် ဖမ်းဆီး တာတွေ၊ ပစ်ခတ် တာတွေ လုပ်ဆောင် ခဲ့တယ်လို့ ဦးလှရွှေက သူ့ရဲ့ အတွေ့အကြုံ ကို ပြန်ပြော ပြပါတယ်။

ဆဲဗင်း ဂျူလိုင် အရေးအခင်း အပြီး ကျောင်းသားထုနဲ့ လူထု အကြား စစ်တပ် အပေါ် နာကြည်းမှု ပေါ်ပေါက် လာစေခဲ့တယ် လို့ ဦးလှရွှေက ဆိုပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.