ဇူလိုင် ၉။
ရန်ကုန်ုမြို့တော် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကို လမ်းပန်း ဆက်သွယ်ရေးကျွမ်းကျင်ပညာရှင်တွေနဲ့ အဓိကထည့်သွင်း ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဒီအဖွဲ့မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကနာယက၊ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဌနဲ့ ရန်ကုန် ဘတ်စ်ကားအများနဲ့သက်ဆိုင်သောကုမ္ပဏီဥက္ကဌ ဒေါက်တာမောင်အောင်က အတွင်းရေးမှူး အဖြစ်ပါဝင်ပြီး လမ်းပန်းဆက်သွယ်ရေး ကျွမ်းကျင်ပညာရှင်တွေ နဲ့ အဓိကဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဥပဒေပိုင်းဆိုင်ရာကလည်းပါဝင်မယ်လို့ သိရပါတယ်။
သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အနေနဲ့ အများပြည်သူသွားလာရေး အတွက်အဓိကဖြစ်တဲ့ ဘတ်စ်ကားကိစ္စကိုပထမဆုံးလုပ်ဆောင်မှာဖြစ်ပြီး ယာဉ်ကြောကျပ်တည်းတဲ့ကိစ္စ၊ မြို့ပတ်ရထားနဲ့ Water Taxi ၊ မြစ်ကြောင်းနဲ့ ငမိုးရိပ်ချောင်းရေကြောင်း သွားလာရေးကိစ္စတွေအဓိက လုပ်ဆောင်သွား မယ်လို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှာ အတွင်းရေးမှူး အဖြစ်တာဝန်ယူမယ့်ဒေါက်တာမောင်အောင်က ပြောပါတယ်။
သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဖွဲ့စည်းလိုက်ပြီးနောက် မထသရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ သူ့အနေနဲ့ လတ်တလောဘာမှမသိရှိရသေးပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအမံပဲဖြစ်တယ်လို့ မထသ(ဗဟို) ဥက္ကဌ ဦးလှအောင်ကပြောပါတယ်။
ရန်ုကုန်မြို့တော်အတွင်း ယာဉ်ကြောကြပ်တည်း မှုပြသနာကို ဖြေရှင်းနိုင်ဖို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျင်းပပြီးစီးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားထားတာပဲဖြစ်ပါတယ်။
5 Plus News
https://www.facebook.com/5plusnews
COMMENTS