တနင်္သာရီတိုင်းတွင် နိုင်ငံခြားကုမ္ပဏီများအား ဆီအုန်းစိုက်ပျိုးရန် မြေငှားရမ်းမှုကြောင့် သစ်တောများ ပြုန်းတီး

တနင်္သာရီတိုင်း ဒေသကြီးအား မြန်မာနိုင်ငံ၏ “ဆီအိုး” အဖြစ် ဖော်ဆောင်ရန် ၁၉၉၉ တွင် စတင်ခဲ့သည့် နှစ် ၃၀ စီမံကိန်းမှာ ပြသ၁နာများစွာနှင့် ရင်ဆိုင်နေရသည်။ တနင်္သာရီတိုင်းဒေသကြီး အတွင်း ဆီအုန်းစိုက်ဧက ၅၀၀၀၀၀ အထိ စိုက်ပျိုးရန် ယခင် စစ်အစိုးရက ရည်မှန်းထားပြီး နိုင်ငံလူဦးရေ သန်း ၈၀ ခန့်ရှိလာနိုင်သည့် ၂၀၃၀ တွင် စိုက်ဧက ၇၀၀၀၀၀ အထိ တိုးချဲ့ရန် စီစဉ်ခဲ့သည်။

စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းရန် ဖြစ်သော်လည်း စိုက်ပျိုးမြေတိုးချဲ့ရာတွင် ဒေသခံများ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆီအုန်းစီမံကိန်းမှာ ပြည်တွင်းစားသုံးမှု လိုအပ်ချက် ဖြည့်ဆည်းရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ရည်ရွယ်၍ စစ်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စီမံကိန်းအတွက် သင့်လျော်မှန်ကန်သည့် သုတေသနပြုမှုများ မပြုလုပ်ခဲ့သဖြင့် လက်ရှိစိုက်ပျိုးပြီး ဒေသများတွင် အထွက်နှုန်းမှာ မျှော်မှန်းထားသည်ထက် နည်းပါးလျက်ရှိပြီး စီမံကိန်းအတွက် မြေနေရာ အသုံးပြုမှုတွင်လည်း ဒေသခံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။ ကော့သောင်း၊ ထားဝယ်နှင့် မြိတ် မြို့နယ်များတွင် ဆီအုန်းဧက ငါးသိန်း စိုက်ပျိုးရန် ရည်ရွယ်ခဲ့သော်လည်း ထိုပမာဏ၏ ၃၆ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Fauna and Flora International ၏ မကြာခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အဆိုပါ သုံးမြို့နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ကုမ္ပဏီ ၄၄ ခုအား အစိုးရက ဧက တစ်သန်းကျော်အထိ ခွင့်ပြုထားသော်လည်း လက်တွေ့စိုက်ပျိုးသည့် ကုမ္ပဏီ ငါးခုသာရှိသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် စီမံကိန်းမြေနေရာအား မြေပုံပေါ်တွင် ကြည့်၍ ခွင့်ပြုခြင်းထက် တာဝန်ရှိသူတစ်ဦးက လက်တွေ့ကွင်းဆင်း စစ်ဆေးပြီးမှ ခွင့်ပြုသင့်သည်ဟု ဆိုသည်။ ထို့အပြင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီသည် စိုက်ပျိုးမြေနေရာတွင် သစ်တောရှင်းလင်းပြီးလျှင်ပြီးချင်း ဇီဝစနစ် မပျက်စီးစေရန် ဆီအုန်းစိုက်ပျိုးခြင်းကို ချက်ချင်း စတင်သင့်သည်ဟု ဖော်ပြထားသည်။

ဆီအုန်းစိုက်ပျိုးခြင်းကို တားဆီးရန် မဖြစ်နိုင်သော်လည်း စနစ်တကျ ဆောင်ရွက်ရမည်ဟု FFI ကဆိုသည်။ ယခင် စစ်အစိုးရလက်ထက် ဆီအုန်းစီမံကိန်းများ ခွင့်ပြုရာတွင် လက်တွေ့ကွင်းဆင်း လေ့လာခြင်းမရှိဘဲ ဗဟိုအစိုးရကသာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု သစ်တောဌာန၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

FFI ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖရန့်မွမ်ဘာ့ဂ်က “စိုက်ခင်းအများစုဟာ အစဉ်အလာ တန်ဖိုးမြင့်မားတဲ့ သစ်တောတွေကို ဖယ်ရှားပြစ်တဲ့အပြင် ကုမ္ပဏီ အများအပြားဟာ လုပ်ကိုင်ခွင့်ရထားတဲ့ နယ်မြေထက် ပိုပြီး သစ်တောတွေ ရှင်းလင်းခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

စီမံကိန်းတွင် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးရွေးချယ်ခြင်းအား စနစ်တကျ ပြုလုပ်ရန် ယခင် စစ်အစိုးရက စိတ်ဝင်စားခြင်းမရှိဘဲ သုတေသနလုပ်ငန်းမှာ ကန့်သတ်ချက်များစွာ ကြုံတွေ့ခဲ့ရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံ၏ အနောက်ဆုံးကျန်ရှိသည့် မြေနိမ့်ပိုင်း မိုးသစ်တောကို ကာကွယ်ရန် ခိုင်မာသည့် မူဝါဒများချမှတ်ပြီးချိန်နှင့် စီမံကိန်း၏ သက်ရောက်မှုအား ပိုမိုပြည့်စုံစွာ သုတေသနပြု သိရှိချိန်အထိ ဆီအုန်းစိုက်ခင်း တိုးချဲ့ခြင်းကို ရပ်တန့်ထားရန် အစိုးရသစ်အား FFI က တောင်းဆိုထားသည်။

KHTun

The Ladies News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.