မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချ သူတွေကို အရေးယူနိုင်ဖို့ အရေး ကြီး

 drugs-kachin-620.jpg မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက် ခရမ်းကျောင်းတိုက် အုဋ်စိုးစံကျော်ဘုရား ဓမ္မာရုံမှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေးဟောပြောပွဲမှာ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်း ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

မူးယစ်ဆေးသုံးစွဲသူတွေထက် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေကို တိုက်ဖျက်ဖို့ လိုအပ်ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်း က ပြောပါတယ်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းခွဲ MANA က မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက် အုဋ်စိုးစံကျော်ဘုရားဓမ္မာရုံမှာ ဒီကနေ့ ကျင်းပတဲ့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲမှာ ပြည်နယ်ဝန်ကြီး ဦးနေဝင်းက ပြောတာဖြစ်ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေရှိလို့ စိုက်ပျိုးရောင်းချသူတွေရှိနေသလို ထုတ်လုပ်ရောင်းချသူတွေရှိလို့ သုံးစွဲသူတွေရှိနေတာဆိုပြီး ပြောဆိုမှုတွေရှိနေတာကြောင့် သုံးစွဲသူတွေကိုရော စိုက်ပျိုး ရောင်းချသူ တွေကိုပါ ပြည်သူနဲ့ပူးပေါင်းပြီး နှိမ်နှင်းရမှာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးကလည်း ပြောပါတယ်။

လက်ရှိအချိန်မှာ မူးယစ်ဆေးဝါးကို စိုက်ပျိုးနေတာတွေရှိသလို ခေတ်မီပစ္စည်းတွေနဲ့ လွယ်ကူစွာ ဖော်စပ်ထုတ်လုပ်နေကြတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲသူ နဲ့ ဖြန့်ဖြူးရောင်းချသူတွေကို ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၁၆၀၀ ကျော်ရှိသလို ဖမ်းခံရသူ အမျိုးသား၊ အမျိုးသမီး ပေါင်း ၁၂၀၀ ကျော် ကို အရေးယူခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ဟောပြောပွဲကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနှစ်ဦး နဲ့ မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက်က မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဝင်တွေ နဲ့ ကျောင်းသား လူငယ်တွေ၊ ရှမ်း၊ ဗမာ၊ ဂျိန်းဖော၊ လီဆူ စတဲ့ ဒေသခံ နှစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.