ရန်ကုန်တွင် အသက်မပြည့်သေးသည့်ကလေးများ ကော်ရှူ၊ သားရေရှူမှု မြင့်တက်လာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက်မပြည့်သေးသော ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များ ကော်ရှူမှုများနှင့် ဖိနပ်သားရေများမီးရှို့ကာ မူးယစ်ဆေးအဖြစ် အသုံးပြုမှုများ ယခင်ထက် ပိုမိုမြင့် တက်လာသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အသက်မပြည့်သည့်ကလေးများ ကော်ရှူခြင်း၊ ဖိနပ်သားရေများကို မီးရှို့ကာ မူးယစ်ဆေးဝါးအဖြစ် သုံးစွဲလာကြ သည့်အပြင် လူငယ်များအနေဖြင့် အများ ပြည်သူအသုံးပြုမှုများသော လမ်းများအနီး၌ပင် ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးသုံးစွဲမှုများလည်း ရှိနေသည်ဟု သိရသည်။

''အရင်ကဆိုရင် မူးယစ်ဆေးကို စိတ်ကြွဆေးပြားတွေ၊ ဘိန်းနဲ့ အမျိုးအစား ပေါ်မူတည်ပြီး ခွဲခြားထားပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကလေးတွေအနေနဲ့ အမှိုက်ကောက်ရင်း ကော်ဘူးကို မီးရှို့ပြီး ရှူတာတွေနဲ့ သားရေဖိနပ်တွေကို မီးရှို့ပြီး မူးယစ်ဆေးအဖြစ် အသုံးပြုလာတာတွေ ပါရှိလာတယ်။ ဒါတွေဟာ ကလေးတွေ အတွက် အနာဂတ်မကောင်းသလို ပျက်စီးမှုတွေလည်း အရမ်းရှိတယ်။ အဲဒီအတွက်လည်း မူးယစ်ဆေးဝါး နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းအသီးသီးက လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အရမ်းကျယ်ပြန့်ထိရောက် မှုမရှိသေးဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ရုံးမှ အကြီးတန်းအရာရှိကြီးတဦးက ပြောသည်။

ယင်းသို့ မူးယစ်ဆေးဝါးများ သုံးစွဲမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မူးယစ် ဆေးဝါးပပျောက်ရေး အဖွဲ့အစည်းများ လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေပြီး အသက်မပြည့် သော ကလေးငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျနိုင်စေရန်နှင့် ပပျောက်စေရန် အဓိက ထားဆောင်ရွက်သွားမည်ဟု သိရသည်။

အသက်မပြည့်သည့် ကလေးများ ကော်ရှူမှုများနှင့် သားရေများကို မီးရှို့ပြီး မူးယစ်ဆေးအဖြစ် အသုံးပြုမှုများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်တဖက်ကမ်းနှင့် ဒလမြို့နယ်များတွင် အများဆုံးရှိနေကြောင်း သိရသည်။

ထက်ဝေနှင်း၊ စန်းလင်းရွှေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.