နေပြည်တော်၊ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မုံးယော်မြို့နယ်ခွဲ၊ မုံးလျံကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ပတ်ဝန်းကျင်တစ်ဝိုက်၌ ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီ တွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဘိန်းချက်စခန်းဟုယူဆရသော အလျားပေ ၄၀၊ အနံ ၁၅ ပေ ခန့်ရှိ ပလတ်စတစ်မိုးကာတဲ ၁၀ လုံးနှင့် အလျားပေ ၃၀၊ အနံ ၁၅ ပေခန့်ရှိ ပလတ် စတစ်မိုးကာတဲ ၁၅ လုံးတို့၏ အတွင်းမှ ဆာလဖျူရစ်အက်စစ်(သံတိုင်ကီ) ၇၁ လုံး၊ ဆာလဖျူရစ်အက်စစ် (၅ ဂါလန်ပါ) ၂၅ လုံးနှင့် ဆာလဖျူရစ်အက်စစ် (ဂါလန် ၅၀ ပါ) ၆၀ ပုံး၊ ဒိုင်မီသိုင်းဆာလဖိုက်အရည်ပါ (သံတိုင်ကီ) ၄၇ လုံး၊ တစ်ဖာလျှင် ကော်ဘူး(လေးဘူးပါ) အက်စစ် ၁၈ ဖာ၊ တစ်စင်လျှင် (၅၈ လုံးပါ) စမ်းသပ်ဖန်ပြွန်စင် နှစ်စင်၊ လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆန်နှင့်စားသောက်ဖွယ်ရာများ (စုစုပေါင်းကာလတန်ဖိုး ငွေကျပ် သိန်း ၄၀၀၀ ကျော်ခန့်)တို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိပစ္စည်းများအား လားရှိုးမြို့နယ်ရဲစခန်းသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews
COMMENTS