တူရကီက ဒီမိုကရေစီသူရဲကောင်းများ

လွန်ခဲ့သော ၆နာရီခန့်။ သမ္မတအာဒိုဂန် နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်နေစဉ် ညအချိန်မှာ တူရကီစစ်တပ်က အသံလွှင့်ရုံကနေ အာဏာကို သိမ်းယူလိုက်ကြောင်း ကြေငြာပါတယ်။ ဒါဟာ စစ်တပ်တခုလုံးမပါပဲ အချို့ကသာ အာဏာသိမ်းတာဖြစ်ပါတယ်။ တိုက်လေယာဉ် ရဟတ်ယာဉ်တွေ ဝဲပျံနေသလို အစ္စတန်ဘူမြို့ရဲ့ လမ်းတွေ တံတားတွေမှာ တင့်ကားတွေ စစ်သားတွေ နေရာယူပီးပါပီ။ တကမ္ဘာလုံးက ဒီအခြေအနေကို အံ့သြစွာ စောင့်ကြည့်လိုပေါ့။ တူရကီပြည်သူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဒီမိုကရေစီနည်းကျကျ ရွေးချယ်ထားတဲ့ အစိုးရဟာ ဖြုတ်ချခံရပီး စစ်အုပ်ချုပ်ရေးလက်အောက် ရောက်မယ့်အခြေအနေပါ။ စစ်ဦးစီးချုပ်ကိုယ်တိုင် အဖမ်းခံနေရပါတယ်။

ဒီအချိန်မှာ သမိုင်းဝင်စကားတခုကို သမ္မတက ပြောကြားပါတယ်။ " ပြည်သူတို့ ခင်ဗျားတို့ရွေးချယ်ထားတဲ့ အစိုးရကို ကူညီချင်ရင် လမ်းပေါ်ထွက်ပီး အာဏာသိမ်းသူတွေကို့ ပြည်သူ့အားနဲ့ ဆန့်ကျင်ကြပါတဲ့။ " တူရကီပြည်သူတွေဟာ ဘာမှတွေးမနေတော့ပဲ ဒီမိုကရေစီကို ကာကွယ်ဖို့ လမ်းပေါ်ထွက် စစ်သားတွေကို ဟန့်တားကြပါတော့တယ်။ တင့်ကားတွေ သွားမရအောင် လမ်းပေါ် လှဲအိပ်တာတွေ။ အသက်ကို ပမာမထားပဲ စစ်သားတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားကြပါတော့တယ်။ ဒီအချိန်မှာပဲ သမ္မတက စစ်တပ်ကို စကားတခွန်း ပြောကြားပါတယ်။ " စစ်သားတို့ မင်းတို့ အခု သေနတ်နဲ့ ချိန်ရွယ်ထားကြသူတွေဟာ မင်းတို့ရဲ့ မိဘတွေ။ မောင်နှမတွေ နဲ့ ချစ်တဲ့သူငယ်ချင်းတွေပါ။ " လို့ မိန့်ခွန်းပြောလိုက်တယ်။ အဲဒီမှာ စစ်သားတွေဟာ နောက်ပြန်ဆုတ်ခွာကြပီး လက်နက်ချခဲ့ကြတယ်။

လက်နက်မချပဲ ကျန်ရစ်သူအနည်းငယ်ကို ရဲအထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်းပီး ဖမ်းဆီးနေတယ်။ လက်ရှိတော့ ညမထွက်ရ အမိန့်ထုတ်ထားပီး သမ္မတဟာ အန်ကာရာမြို့ကို ပြန်လည်ရောက်ရှိနေပီး အာဏာကို ပြန်လည်ရယူလိုက်ပီ ဖြစ်တယ်။ ကိုယ်တင်မြှောက်ထားတဲ့ အစိုးရကို အသက်နဲ့လဲ ကာကွယ်ပေးခဲ့တဲ့ ဒီမိုကရေစီကို ကာကွယ်ခဲ့တဲ့ တူရကီသူရဲကောင်း ပြည်သူတွေကတော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပါပီ။ တကမ္ဘာလုံးကတော့ အမှတ်ရဖွယ် ဒီညကို အမြဲသတိရနေကြတော့မှာပါ။ စည်းလုံးခြငိးသည် အင်အားဆိုတာကို တူရကီပြည်သူတွေက ဒီညမှာ ကမ္ဘာကို ပြသနိုင်ခဲ့ပါပီ။

N@sAွ

Nay Thway FB
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.