ရာဇဂြိုဟ်ဆည်ရဲ့နုန်းတားဆည်ကျိုးလို့ ရွာသုံးရွာ ရွှေ့ပြောင်းရ

ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီလီချောင်းပေါ်က နုန်းတားဆည်ကျိုးပေါက်နေတာကြောင့် ချောင်းအောက်ဘက်မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က မှန်လုံချောင်းနဲ့ နေရဉ္စရာမြစ် ဘေးနားက ကျေးရွာ ၃ ရွာလောက် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

နုန်းတားဆည်ကျိုးပြီး စီးလာတဲ့ရေတွေကြောင့် ရာဇဂြိုဟ်ဆည်မှာ ရေတက်လာတဲ့အတွက် နီးစပ်ရာ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးနေတယ်လို့ အထက်ချင်းတွင်း ကွန်ရက်က ကိုကျော်သက်ဝင်းက ပြောပါတယ်။

လတ်တလော ပြောင်းရွှေ့နေတဲ့ အိမ်ထောင်စုပေါင်း ၆၀ လောက်ရှိနေပြီး နေရဉ္စရာမြစ် တစ်လျှောက်က ခုံသာ၊ မော်လိုက်ကလေး၊ အင်တိုင်းကြီး၊ အင်တိုင်းကလေး စတဲ့ကျေးရွာတွေ အပါအ၀င် ကျေးရွာ ၁၀ ရွာလောက် ပြောင်းရွှေ့ဖို့ လိုအပ်နေတယ်လို့လည်း ဒေသခံအရပ်ဖက် အဖွဲ့တွေက ပြောပါတယ်။

လက်ရှိ ရာဇဂြိုဟ်ဆည်ထဲက ရေတွေကို ရေပိုလွှဲကနေ ထုတ်ပေးနေပေမယ့် မိုးကြီးလာရင် မြစ်၊ ချောင်းဘေးက ကျေးရွာတွေ အန္တရာယ်ရှိတဲ့အတွက် လူမှုအဖွဲ့အစည်းတွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ရွှေ့ပြောင်းကြဖို့ သတိပေးနေတာဖြစ်ပါတယ်။

Photo: MOI Webportal Myanmar/ Facebook ( ရာဇဂြိုဟ်ဆည် ရေတက်လာသည်ကို ဇူလိုင်လ ၃ ရက်နေ့ က တွေ့ရစဉ် )

RFA
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.