ဆော်ဒီသူဌေးနှင့် ကွာရှင်းခဲ့သည့် မော်ဒယ်ဟောင်း ပေါင် ၅၃ သန်း လျော်ကြေးရ

ဇူလိုင် ၈ ရက်က လန်ဒန်အထက် တရားရုံး အပြင်ဘက်တွင် သတင်းထောက် တစ်ဦးကို ဖုန်းပြန်ပေးနေသည့် မော်ဒယ်ဟောင်း အက်စ်ထရာဒါ (Photo: AFP)

ဆော်ဒီဘီလျံနာ သူဌေးနှင့် ကွာရှင်းခဲ့သည့် အမျိုးသမီး မော်ဒယ်ဟောင်း တစ်ဦးကို ပေါင် ၅၃ သန်း လျော်ကြေးပေးရန် ဗြိတိန်တရားရုံးက ဇူလိုင် ၉ ရက်တွင် အမိန့်ချခဲ့သည်။ အသက် ၅၄ နှစ်အရွယ် အမေရိကန် လူမျိုး ခရစ္စတီနာအက်စ်ထရာဒါ၏ ရှေ့နေများက အက်စ်ထရာဒါ၏ လက်ရှိ ပိုင်ဆိုင်မှုများကိုပါ ထည့်တွက်ပါက အသက် ၆၁ နှစ် အရွယ် ဆော်ဒီသူဌေး ရှိတ်ဝါလစ်ဂျူဖာလီထံမှ စုစုပေါင်း ပေါင် ၇၅ သန်း ရရှိလိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အက်စ်ထရာဒါသည် မူလက လန်ဒန်မှ အိမ်တစ်လုံး အတွက် ပေါင်သန်း ၆၀၊ ကျေးလက်ဒေသရှိ အိမ်တစ်လုံး အတွက် ပေါင် ၄ ဒသမ ၄ သန်း၊ ကားငါးစီးအတွက် ပေါင် ၄၉၅၀၀၀၊ နှစ်စဉ် အ၀တ်အစားဖိုး အတွက် ပေါင်တစ်သန်း အပါအ၀င် ပေါင် ၁၉၆ သန်းကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ “ကျွန်မဟာ နိုင်ငံတကာ အဆင့်မီ ထိပ်တန်း မော်ဒယ် တစ်ယောက်ပါ။ ဒီဘ၀မှာ ဒီလိုနေတာ ကျွန်မ ကျင့်သားရနေပါပြီ” ဟု အက်စ်ထရာဒါက ၎င်း၏ အသုံးစရိတ်ဆိုင်ရာ တောင်းဆိုမှုများ အတွက် တရားရုံးတွင် လျှောက်လဲချက် ပေးခဲ့သည်။ လက်ရှိတွင် ဆော်ဒီသူဌေး ဂျူဖာလီသည် ကင်ဆာရောဂါဖြင့် အလွန်အမင်း မကျန်းမမာဖြစ်ကာ ဆွစ်ဇာလန်၌ ဆေးကုသမှု ခံယူနေရသည်။ ဂျူဖာလီသည် အက်စ်ထရာဒါကို အသိမပေးဘဲ အစ္စလာမ္မစ် ဥပဒေနှင့်အညီ ကွာရှင်း ပြတ်စဲခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်က အသက် ၂၅ နှစ် အရွယ် လက်ဘနွန် မော်ဒယ်တစ်ဦးနှင့် လက်ထပ်ခဲ့သည်။

လန်ဒန် တရားရုံးများသည် ကွာရှင်းမှုအတွက် လျော်ကြေး အများအပြား သတ်မှတ်ပေးလေ့ ရှိသောကြောင့် တစ်ကမ္ဘာလုံးမှ ဇနီးမယားများကို ဆွဲဆောင်သည့် နေရာတစ်ခု ဖြစ်နေသည်။
Writer:
Ref: AFP
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.