၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြခန်းပြသမည်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့၊ ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်ပြခန်းကို မြို့တော် ခန်းမတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြခန်းတွင် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏ ဓာတ်ပုံများနှင့်အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုပုံများ၊ နတ်မောက်နှင့် ရန်ကုန်မြို့ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်နေခဲ့သော အိမ်များ နှင့် အသုံးအဆောင် ပစ္စည်းများ၏ ပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှု သရုပ်ဖော်ပန်းချီကား များ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုရစာမူများကို ပြသထားသည်။

ယင်းပြခန်းကို ဇူလိုင် ၁၉ ရက်အထိ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသထားမည်ဖြစ်ရာ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

MOI
The Ladies News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.