ပြည်ခရိုင်တွင် ပြင်းထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိကြောင်း အတည်ပြု


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်တွင်ဖြစ်ပွားလျှက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါများတွင် ပြင်း ထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရောဂါကာကွယ်ရေး၊ ကုသ ရေးလုပ်ငန်းများအား တင်းတင်းကျပ်ကျပ် တိုးမြှင့်လုပ်ဆောင်နေကြာင်း ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး မှ သိရှိရသည်။

အဆိုပါရောဂါပိုးတွေ့ရှိကြောင်းအဖြေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း(ရန်ကုန်)ထံမှ ဇူလိုင် ၂၁ ရက်က လက်ခံရရှိခဲ့ပြီးနောက် ပြည်ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၊ လူမှုအအသင်းအဖွဲ့များအား အသိပေးအကြောင်းကြားကာ ရောဂါကာကွယ်ရေး၊ ကု သရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၉ ရက်နေ့ကတည်းကစပြီး ကျွန်တော်တို့ပြည်ဆေးရုံကြီးကို ဝမ်းပျက်ဝမ်းလျောလူနာတွေ တိုးမြင့်ပြီးတော့ တက်လာတာကိုတွေ့ရပါတယ်။ ထူးထူးခြားခြားဝမ်းပျက်ဝမ်းလျှောနဲ့ သွေးပေါင်ကျပြီးတော့ လာတဲ့လူနာတွေကို တော်တော်များများတွေ့လာတယ်။ ပြင်းထန်ကူးစက်မြန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်တယ်လို့ သံသယဖြစ်မိ ပါတယ်။ ဒါကြောင့် ရောဂါရှာဖွေရေးအထူးကုတွေနဲ့ပေါင်းစပ်ပြီးတော့ ဓာတ်ခွဲစစ်ဆေးပါတယ်။ စစ်ဆေးတော့ သံယယဖြစ်ဖွယ်အဖြေထွက်ပါတယ်။ ဒါကြောင့် ဒီထက်သေချာအောင်ဆိုပြီးတော့ ဝမ်းနမူနာကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း(NHL)ကိုပို့ပါတယ်။ ရောဂါပိုးတွေ့ရှိကြောင်း Confirm ဖြစ်တဲ့ အဖြေပို့တာကို ၂၁ ရက် နေ့မှာ လက်ခံရရှိပါတယ်”ဟု ပြည်မြို့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဦးတင့်ရွှန်းကပြောသည်။

ပြည်ဆေးရုံကြီးသို့ ဇူလိုင် ၉ ရက်မှ ဇူလိုင် ၂၂ ရက်အထိတက်ရောက်ကုသသော ဝမ်းပျက်ဝမ်းလျှောလူနာ(၉၆) ယောက်ထိရှိနေပြီး လူနာများအနက်မှ ထက်ဝက်ခန့်မှာ ပြင်းထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား နေသူများဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်ခရိုင်ရှိ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအထိ ပြည်သူ့ကျန်းမာရေးကုသမှုအဖွဲ့များနှင့် ပူး ပေါင်းကာ ရွေ့လျားကုသခြင်းအစီအစဉ်များဖြင့်ကုသခြင်း၊ အိမ်တိုင်ရာရောက် ရေများသို့ကလိုရင်းခတ်ပေးခြင်း၊ စည်ပင်နှင့် ပူးပေါင်း၍ မြစ်ရေပေးဝေမှုစနစ်တွင် ကလိုရင်းခတ်ပေးခြင်းများပြုလုပ်လျှက်ရှိကြောင်း ပြည်မြို့အ ထွေထွေရောဂါကုဆေးရုံကြီးမှသိရသည်။

“ပြီးခဲ့တဲ့တစ်ပါတ်လောက်က ဖိုးခေါင်အပိုင်း(၁)က ဝမ်းပျက်ဝမ်းလျှော(၇)ယောက်စလုံးဆင်းလာတယ်။ (၃) ယောက်ကတော့ ဆေးရုံမှာကျန်ခဲ့တယ်။ အနောက်လက်ခုပ်ပင်ဘက်မှာ ဆက်ပြီးတော့ဖြစ်တယ်။ သွေးပေါင်ချိန် သုညရောက်သွားလို့ ဆေးရုံကြီးကိုတင်လိုက်ရတာရှိတယ်။ အဲဒီအချိန်မှာလည်း သူတို့ရဲ့အသက်အန္တရာယ်က ဘယ်အတိုင်းအတာရှိနေတယ်ဆိုတာ ပြောလို့မရသေးဘူး။ ဆေးရုံကြီးကပြောမှသိရမှာ။ အခုကတော့ ကျွန် တော်တို့နယ်မြေကျန်းမာရေးမှူးက အိမ်မှာအထိုင်တစ်ခုဖွင့်ထားပြီး ရွာရဲ့အခြေအနေကို စောင့်ကြည့်ရတဲ့ အနေ အထားမှာရှိနေတယ်”ဟု ပြည်မြို့၊ နဝင်းနယ်မြေမှ ကိုကျော်ကျော်ဦးကပြောသည်။

အဆိုပါရောဂါများမှာ အစားအသောက်၊ ယင်ကောင်၊ ရေနှင့် လက်တို့မှတဆင့်ကူးစက်နိုင်ပြီး သန့်(၄)သန့်ဖြစ် သော အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့်လုပ်ငန်းစဉ်များလည်းဆောင်ရွက်လျှက်ရှိကာ သက်ဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်း၍ သံသယဖြစ်ဖွယ်နေရာများမှ အစားသောက်ဆိုင်(မုန့်ဟင်းခါးဆိုင်၊ စားသောက် ဆိုင်)များအား ပိတ်ခိုင်းထားခြင်းမျိုးလည်းပြုလုပ်နေကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့(နေပြည်တော်)တို့မှ တာဝန်ရှိသူများလည်း ဇူလိုင် ၁၅ ရက်က ရောဂါဖြစ်ပွားနေသည့်နေရာများသို့ လာရောက်ကြည့်ရှုစစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်းသိရကာ ပြည်မြို့တွင်အဖြစ်များသောနေရာများမှာ ရွာဘဲနယ်မြေနှင့် ရေဝပ်နေသော နေ ရာများဖြစ်သည့် နဝင်း၊ မာလကာကုန်း၊ ဘောဂလမ်းသွယ်များနှင့် ရွှေပလ္လင်မှော်အောက်ချိုင့်တို့ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.