အင်ဒိုမှာ ဒီမနက်ဗုံးပေါက် မစိုးရိမ်ဖို့ သမ္မတဆို



အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ Solo ရဲစခန်း (Credit: ABC licensed) 
အင်ဒိုနီးရှားနိုင်ငံ ​Central ​Java ​ဒေသ ​Solo ​မြို့ ​ရဲစခန်းမှာ ​ဒီမနက် ​ဗုံးပေါက်ကွဲမှု ​ဖြစ်ပွားခဲ့တယ်လို့ ​သိရပါတယ်။

ဆိုင်ကယ် ​စီးနင်းလာတဲ့ ​ဗုံးသမားဟာ ​ရဲစခန်းထဲ ​ဝင်ဖို့ ​ကြိုးစားပေမယ့် ​ရဲတွေရဲ့ ​တားဆီးမှုကြောင့် ​ပြင်ပမှာပဲ ​အသေခံ ​ဗုံးဖောက်ခွဲလိုက်တာ ​ဖြစ်ပါတယ်။

ဗုံးဖောက်ခွဲသူ ​အခင်းဖြစ်ပွားတဲ့ ​နေရာမှာ ​သေဆုံးသွားပြီး ​ရဲအမှုထမ်းတစ်ယောက် ​ဒဏ်ရာ ​ရခဲ့ပါတယ်။

ဇန်နဝါရီလတုန်းက ​မြို့တော် ​ဂျာကာတာမှာ ​IS ​အဖွဲ့က ​ဗုံးဖောက်ခွဲမှု ​လုပ်ပြီးတဲ့နောက်ပိုင်း ​အာဏာပိုင်တွေက ​တပ်လှန့်ထားခဲ့တာ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ​ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ​Surabaya ​မြို့မှာ ​အကြမ်းဖက်ဖို့ ​ကြိုးစားတာကို ​ရဲတွေက ​သိရှိပြီးနောက် ​သတင်းပတ်အနည်းငယ်မှာ ​ဒီကနေ့ ​အသေခံဗုံးဖောက်ခွဲမှု ​ဖြစ်ပွားခဲ့တာလည်း ​ဖြစ်ပါတယ်။

အင်ဒိုနီးရှား ​သမ္မတ ​ဂျိုကို ​ဝီဒိုဒိုက ​ဒီဗုံးဖောက်ခွဲမှုကို သွေးမပျက်ကြဖို့ ​တိုက်တွန်းလိုက်ပြီး ​အကြမ်းဖက်သမားတွေကို ​နှိမ်နင်းဖို့ ​ညွှန်ကြားထားတယ်လို့ ​ဆိုပါတယ်။

ဘာအကြောင်းပဲပြပြ ​အကြမ်းဖက်မှု ​လုပ်လာပြီဆိုရင် ​ဝိုင်းဝန်းနှိမ်နင်းပြီး ​ရှုတ်ချရမယ်လို့လည်း ပြောလိုက်ပါတယ်။

By Indonesia correspondent Adam Harvey
ABC Radio Australia
http://www.radioaustralia.net.au/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.