နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှုနဲ့ ပြည်မြို့ခံ တစ်ဦးကို အမှုဖွင့်ဖို့ ပဲခူးတိုင်းဝန်ကြီးချုပ် ညွှန်ကြား

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဆဲဆိုထားတဲ့ အသံဖိုင်ကို အသံချဲ့စက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ပဲခူးတိုင်း ပြည်မြို့နယ်က ဒေသခံတစ်ဦးကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖို့ ပဲခူးတိုင်း ၀န်ကြီးချုပ်က ညွှန်ကြား လိုက်ပါတယ်။

ကျူးလွန်သူ ဦးမျိုးချစ် ကို ၀က်ထီးကန်ရဲစခန်းမှာ ဆဲဆိုမှု၊ အသရေဖျက်မှု ၂ ခုနဲ့ အမှုဖွင့်ထားပြီး နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ထပ်မံ တရားစွဲဆိုဖို့ ညွှန်ကြားလိုက်တာလို့ ပြည်မြို့နယ် NLD ပါတီဥက္ကဌ ဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ပြည်မြို့ကိုလာရောက်စဉ်မှာ ခရိုင်ရဲမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နဲ့ တွေ့ဆုံပြီး ညွှန်ကြားခဲ့တာဖြစ် ပါတယ်။

လက်ရှိအမှုဖွင့်ထားတဲ့ ပုဒ်မတွေအရ အမှုဖွင့်ခံထားရသူဟာ အာမခံနဲ့ လွတ်မြောက်နေပါတယ်။ ဖေ့ဘွတ်စာမျက်နှာတစ်ခုမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်တို့ကို ဆဲဆိုထားတဲ့အသံဖိုင်ကို ဦးမျိုးချစ်က ဖုန်းနဲ့ကူးယူပြီး နေအိမ်မှာ အသံချဲ့စက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ အာမခံပေးခွင့်မရှိဘဲ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၃နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.