အသုဘ အခမ်းအနားလို့ ပြောပြီး ကန့် ကွက်ထားတဲ့ ဘီးလင်း အ-ထ-က ကျောင်း ဘောလုံးကွင်းမှာ အာဇာနည်နေ့  အခမ်းအနား ကျင်းပမယ်


ဇူလိုင်လ (၁၄)

ဒီရက်ပိုင်းကျမတို့ ဘီးလင်းအ.ထ.ကမှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုနဲ့ ပါတ်သက်ပြီး ကျမဆီကို ဖုန်းနဲ့ရော စာနဲ့ပါမေးမြန်းကြသူတွေအတွက် ကျမရဲ့ဖြေရှင်းခဲ့ပုံနဲ့ ပါတ်သက်ပြီး ပြန်လည်တင်ပြ လိုက်ပါတယ်။

၁၂၊၇၊၂၀၁၆ရက်နေ့ ကျမတို့ ဌာနချုပ်ရုံးကို သွားနေချိန်မှာ မြိုနယ် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးကော်မတီဟာ အခမ်းနားကျင်းပပြုလုပ်ဖို့ သင့်တော်တဲ့ အ.ထ.က ကျောင်းဘောလုံးကွင်းနေရာကို သွားကြည့်ခဲ့ကြချိန် ဒီကိစ္စဖြစ်ခဲ့တာလို့သိရပါတယ်။

ကန့်ကွက်တယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမို့ ကျမပြန်ရောက်တာနဲ့ အ.ထ.ကကျောင်းဆီသွားခဲ့ပြီး တာဝန်ခံ ဆရာမကြီးနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တစ်နိုင်ငံလုံး ခမ်းနားစွာ ကျင်းပရေးကို လုပ်ဆောင်နေကြချိန်မှာ ဒီကိစ္စဟာ လုံးဝမဖြစ်သင့်ကြောင်းနဲ့ ကျမတို့ရဲ့ဘီးလင်း အ.ထ.က သမိုင်းအရိုင်းမခံနိုင်ကြောင်း ကျမကဒီကျောင်းရဲ့ကျောင်းသူဟောင်း တစ်ယောက်အနေနဲ့ရော ဒီမြို့သူတစ်ယောက်အနေနဲ့ပါ ကျမရဲ့မြို့မှာအဖြစ်မခံနိုင်တဲ့အတွက် ဆရာမတို့အနေနဲ့ အယူစွဲမထားသင့်တဲ့အကြောင်း အာဇာနည်တွေကို ဂုဏ်ပြုလွမ်းသူ့ပန်းခွေချခြင်းဟာ အာဇာနည်စိတ်ဓာတ်ကို ကလေးတွေဆီ လက်ဆင့်ကမ်းပေးခြင်းသာ ဖြစ်တဲ့အတွက်ပိုလို့တောင်မှ လူတော်ကလေးတွေ ပေါ်ထွက်လာနိုင်ကြောင်း ကျမတို့ငယ်ငယ်ဈေးဘေးနားမှာရှိခဲ့တဲ့ အာဇာနည်ကျောက်တိုင်မှာ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချအလေးပြုရင်း ဗိုလ်ချုပ်တို့ကိုလေးစားမြတ်နိုးစိတ်တွေကိန်းအောင်း ခဲ့လို့လည်း ကျမဒီလိုဖြစ်လာရတာ သက်သေပဲဆိုတဲ့အကြောင်းတွေနဲ့ ကျမအခုလို လာဆွေးနွေးခြင်းဟာ ဆရာမတို့ရဲ့နေရာအဝန်းအဝိုင်းမို့ လေးစားသမှုနဲ့ လာခဲ့ကြောင်းနဲ့ ကိုယ့်အစိုးရမို့ လုပ်ချင်တဲ့နေရာမှာအာဏာသုံးပြီး လုပ်လိုက်တယ်ဆိုတာမျိုး အဖြစ်မခံနိုင်လို့ ကျေနပ်ကြည်ဖြူမှုနဲ့သာ သွားချင်လို့ဖြစ်
ကြောင်း သိုင်းသိုင်းဝိုင်းဝိုင်းပြောဆိုပြီး ချိန်မှာတော့ ဒီကျောင်းဝန်းထဲမှာ အခမ်းအနားပြုလုပ်ဖို့ ဆွေးနွေးရေးဟာအောင်မြင်ပါတယ်လို့ သမီးကိုယ်တိုင်ရေးပေးပါလို့ တာဝန်ခံဆရာမက ကျမကိုတောင်းဆို ခဲ့ပါတယ်။

ဒါကြောင့် အရင်ကကန့်ကွက်လို့ ဆုံးဖြတ်ခဲ့တဲ့ မြို့နယ်ဘောလုံးကွင်းနေရာအစား ကျမတို့ လုပ်ဆောင်ချင်တဲ့နေရာဖြစ်တဲ့ အ.ထ.က ကျောင်းဘောလုံးကွင်းနေရာမှာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်မဲ့အကြောင်း ကျမရဲ့မဲဆန္နရှင်များနဲ့ မိတ်ဆွေများကို အသိပေးတင်ပြအပ်ပါတယ်ရှင်။

ကျမကိုဒီအကြောင်းနဲ့ပတ်သက်ပြီးလာရောက်တွေ့ဆုံမေးမြန်းခဲ့ကြတဲ့Sky Net ရုပ်သံလိုင်းနဲ့ Eleven media ကိုလည်း ဒီအတိုင်းပဲဖြေပေးခဲ့ပါတယ်။

ဒေါ်သီရီရတနာ (ဘီးလင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
သတင်းနဲ့ဓါတ်ပုံ Thiri Yadanar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.