အမျိုးသားလုံခြုံရေး အန္တရာယ်ပေးနိုင်သည်ဆိုကာ ဂျပန်နိုင်ငံသားတစ်ဦးအား တရုတ်ဖမ်းဆီးထား

ပေကျင်း၊ ဇူလိုင် ၃၁ ။ ။ ယဉ်ကျေးမှုဖလှယ်ရေးစီမံကိန်းများတွင် အလုပ်လုပ်နေသူ ဂျပန်နိုင်ငံနိုင်ငံသားအား အမျိုးသားလုံခြုံရေးအန္တရာယ်ပေးနိုင်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံက ကြေညာသည်ကို ဂျပန်သတင်းစားက ဇူလိုင် ၃၀ တွင် ဖော်ပြသည်။

ဖမ်းဆီးခံထားရသူသည် ဇူလိုင်လလယ်ကတည်းက ပျောက်ဆုံးနေသူဖြစ်ပြီး ရန်ဖက် တရုတ်နှင့် ဂျပန်နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေး လုပ်ဆောင်လျက်ရှိသည့် လူမှုအဖွဲ့အစည်းတစ်ရပ်၏ ဦးစီးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ကြောင်း Nikkei သတင်းက ဖော်ပြသည်။

နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင်သည်ဟု သံသယရှိ၍ ၎င်းပုဂ္ဂိုလ်အား ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု တရုတ်က ပြောကြောင်း ကျိုတိုသတင်းဌာနက ဖော်ပြပြီး သူလျှိုသံသယမှုဖြင့်လည်း ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖြည့်စွက်ဖော်ပြထားသည်။

ဂျပန်အစိုးရက ၎င်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း တရုတ်ဖက်သတင်းပေးပို့သည်ဟု အတည်ပြုသော်လည်း ဂျပန်နိုင်ငံက မည်သည့်နိုင်ငံကိုမျှ သူလျှိုလုပ်ခြင်းမရှိကြောင်း အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒိုင်းဆူဂါက တုံ့ပြန်ငြင်းဆန်သည်။

ဖမ်းဆီးထားခံရသူသည် အသက် ၅၀ ကျော်ရှိသူဖြစ်ကာ ဇူလိုင် ၁၁ ရက်မှစပြီး အလုပ်အတွက် တရုတ်နိုင်ငံသို့ လေးရက်တာ သွားရောက်ရာမှ ပြန်လည်ရောက်ရှိလာတော့ခြင်း မရှိကြောင်း၊ ထိုအခါမှစကာ ဖုန်းခေါ်ဆိုသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရနှင့် အခြားသတင်းရင်းမြစ်များကို ကိုးကားကာ ကျိုတိုသတင်းက ဖော်ပြခဲ့သည်။

ယခုအမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိသေးပေ။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.