အစ္စရေးကမ္ဘာလှည့်ခရီးသည် အမျိုးသမီး အိန္ဒိယတွင် ဂိုဏ်းဖွဲ့မတော်မတရားပြုကျင့်ခံရ

နယူးဒေလီ၊ ဇူလိုင် ၂၅ ။ ။ အိန္ဒိယနိုင်ငံ ဟီမာချာပရာဒေ့ရှ်ပြည်နယ်တွင် အသက် ၂၅ နှစ်ရှိ အစ္စရေးကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတစ်ဦးအား မောင်းနှင်နေသော ကားပေါ်တွင် အုပ်ဖွဲ့ကာ သားမယားပြုကျင့်ခံရသည်။

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက အဆိုပါ အစ္စရေးသူသည် မနာလီမြို့မှ အနီးရှိ ခရိုင်တစ်ခုသို့ သွားရန်အတွက် တက္ကစီအမှတ်ဖြင့် ကားမှားတားကာ တက်စီးခဲ့ကြောင်း ရဲက ပြောသည်။

ကားပေါ်တွင် အမျိုးသားခြောက်ဦး ရှိနေပြီး ၎င်းတို့ထဲမှ နှစ်ဦးက သားမယားပြုကျင့်ကြခြင်းဖြစ်သည်ဟု ရဲကဆိုသည်။

မနာလီမြို့သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှု များပြားသော ရေပန်းစားသည့် မြို့တစ်မြို့ဖြစ်သည်။

အဆိုပါ အစ္စရေးနိုင်ငံသူက သူငယ်ချင်းများထံ သွားရန်အတွက် ယင်းသို့ ကားငှားစီးခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနက ပြောသည်။

ကျုးလွန်ခဲ့သူများကို ဖမ်းဆီးနိုင်ရေး လုပ်ဆောင်လျက်ရှိသည်ဟု ရဲအရာရှိ ပါဒမ်ချန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။

“ကျွန်တော်တို့တွေ စီစီတီဗီတွေကို ပြန်ကြည့်ရှာဖွေနေပါတယ်။ တရားခံတွေကို ဖမ်းမိမှာပါ။ အစ္စရေးသံရုံးကိုလည်း အကြောင်းကြားထားပါတယ်။”ဟု ၎င်းက ပြောသည်။

ရှုခင်းသာယာလှပသည့်အတွက်ကြောင့် မနာလီမြို့သည် နိုင်ငံခြားဧည့်သည်များ မျက်စိကျစရာဖြစ်နေသော်လည်း အမျိုးသမီးများ၏ လုံခြုံရေးက စိတ်မချသည့် မြို့အဖြစ် ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းကလည်း မနာလီမြို့၌ အမေရိကန်သူတစ်ဦးအား ထရပ်ကားပေါ် လူသုံးဦးက သားမယားဝိုင်းကျင့်မှု ဖြစ်ပွားခဲ့သည်။

ဘီဘီစီ
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.