ထိုင်းမှာ ၈ နှစ် သမီးတွေကို တရားစွဲ



ထိုင်းဖွဲ့စည်းပုံသစ်ကို ဆန့်ကျင် ကန့်ကွက်နေကြ
ထိုင်းမှာ လာမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ မဲစာရွက်တွေ ဖျက်ဆီးမှုနဲ့ ၈ နှစ် အရွယ် မိန်းကလေး ၂ ယောက်ကို တရားစွဲတယ်လို့ သိရပါတယ်။

ဒီ မိန်းကလေးတွေက ကလေး ဘဝ မဲစာရွက်တွေကို စုတ်ဖြဲ ကစားကြတာလို့ ရဲမှတ်တမ်းတွေက ဆိုပါတယ်။

သြဂုတ်လမှာ ကျင်းပမယ့် ဒီဆန္ဒခံယူပွဲ အကြောင်း ပြောဆို ဆွေးနွေးတာတွေကို ပိတ်ပင်ထားပြီး ဒါကို ဆန့်ကျန်တဲ့ လူ တရာကျော်ကို ဖမ်းထားတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း အခြေခံ ဥပဒေ မူကြမ်းကို မဲပေးတာဟာ နိုင်ငံကို ဓားပြ တိုက်တာနဲ့ တူတယ်လို့ ဆိုတဲ့ ထိုင်း ရှေ့နေတယောက်ကို ဖမ်းပါတယ်။

စစ်တပ်က ရေးဆွဲတဲ့ ထိုင်းဖွဲ့စည်းပုံ အရ ရွေးကောက်ခံ အစိုးရတွေကို အာဏာ သိပ်မရှိအောင် လုပ်ထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.