ဓားစာခံဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေ အိုင်အက်စ်အဖွဲ့ကမဟုတ်ဘူး လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

ဇူလိုင် ၃ ။ ဒါကာ စားသောက်ဆိုင်မှာ ဓားစာခံ အယောက် ၂၀ ကို သတ်ဖြတ်ခဲ့တဲ့ ဂျီဟတ်စစ်သွေးကြွတွေဟာ ပြည်တွင်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ ကသာဖြစ်ပြီး အိုင်အက်စ်အဖွဲ့ရဲ့ နောက်လိုက်တွေ မဟုတ်ပါဘူးလို့ တနင်္ဂနွေနေ့က အကြီးတန်းဝန်ကြီးတစ်ဦးကပြောကြားခဲ့ပါတယ်။

“သူတို့ဟာ Jamaeytul Mujahdeen Bangladesh အဖွဲ့ရဲ့ အဖွဲ့ဝင်တွေသာ ဖြစ်တယ်” လို့ ဘင်္ဂလားဒေ့ရှ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာပိတ်ပင်တားမြစ်ခံထားရတဲ့ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်း ကအေအက်ဖ်ပီ ကိုဖြေခဲ့ပါတယ်။

“သူတို့က အစ္စလာမ်မစ်စတိတ် အဖွဲ့နဲ့အဆက်အသွယ်မရှိပါဘူး” လို့ လည်းသူကဆိုပါတယ်။
စနေနေ့က ပြီးဆုံးသွားတဲ့ ၁၂ နာရီကြာ စားသောက်ဆိုင်ကို ဝင်ရောက်စီးနင်းမှုအတွင်း ဓားစာခံတွေ နဲ့ ရဲနှစ်ဦး ကိုသတ်ဖြတ်ခဲ့တဲ့ကိစ္စကို သူတို့လုပ်ဆောင်ခဲ့တာလို့ အိုင်အက်စ်အဖွဲ့က အခိုင်အမာပြောကြားခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ နိုင်ငံတကာ ဂျီဟတ်အဖွဲ့တွေ လှုပ်ရှားနေကြတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အပြောင်းအလဲမရှိ ငြင်းဆန်နေတုန်းပါပဲ။

ဝင်ရောက်စီးနင်းမှုအပြီးမှာ ပစ်သတ်ခံခဲ့ရတဲ့ စစ်သွေးကြွတိုက်ခိုက်ရေးသမား ၆ ဦးရဲ့ဓာတ်ပုံ နဲ့ နာမည်တွေကို ရဲတပ်ဖွဲ့ ကထုတ်ပြန်ခဲ့ပါတယ်။ ၇ ယောက်မြောက် တိုက်ခိုက်ရေးသမား ကိုတော့ ထိန်းသိမ်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အေဂျင်စီ ကစစ်ဆေးမေးမြန်းနေပါတယ်။

တိုက်ခိုက်ရေးသမားအားလုံးဟာ ပညာတတ်တွေဖြစ်ကြပြီး အများစုက ပြည့်စုံကြွယ်ဝတဲ့ မိသားစုတွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ လို့ ခန်း ကပြောပါတယ်။

“ သူတို့အားလုံးဟာ ပညာရေးကောင်းတဲ့သူတွေဖြစ်ပြီး တက္ကသိုလ်ကျောင်းဆင်းတွေပါ။ ဘယ်သူကမှ ဘာသာရေး သက်သက်သင်ကြားတဲ့ကျောင်းတွေက မဟုတ်ကြပါဘူး။” လို့လည်း ဝန်ကြီးကပြောပါတယ်။

သူတို့တွေ ဘာလို့များအစ္စလာမ္မစ်စစ်သွေးကြွတွေ ဖြစ်လာရတာလဲဆိုတဲ့ အမေးကိုတော့ ခန်းက “ ဖက်ရှင်တစ်ခု ဖြစ်လာနေတာကြောင့်ပါ” လို့ပြန်ဖြေခဲ့ပါတယ်။


မအေးသီမွန်
Ref: AFP ( July 3, 2016 )
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.